သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မွန်ဘိုင်းမြို့ဟိုတယ်ပြန်ဖွင့်ပြီ


အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ လက်နက်ကိုင် စစ်သွေးကြွတွေ ၃ရက်ကြာ စီးနင်း သိမ်းပိုက်တဲ့ ဖြစ်ရပ်တွေကြုံခဲ့ရတဲ့ ဇိမ်ခံ ဟိုတယ်ကြီး ၂ခုကို ပိတ်ထားရာကနေ အခု ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ အခုလို ဒီဟိုတယ်ကြီးတွေကို ပြန်ဖွင့် လိုက်တာဟာ မြို့တော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်လာပြီဆိုတဲ့ သဘောကို ပြသလိုက်တာ ဖြစ်တယ်လို့ VOA သတင်းထောက် Anjana Pasricha နယူးဒေလီကနေ သတင်းပေးပို့ထားပါတယ်။

တနင်္ဂနွေနေ့ က ဟော်တယ် ဝန်ထမ်းတွေ ဟော်တယ် တာဝန်ခံလူကြီးတွေ နဲ့အတူ ဒေသဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေက အစ ဧည့်သည်တွေပါ မကျန် စုပေါင်းပြီး ဆုတောင်းပွဲ တခုပြုလုပ်ခဲ့သလို ဟော်တယ် တံခါးကို ပြန်ဖွင့်လိုက်ပါတယ်။
Tai Mahal ဟော်တယ်နားက မျှော်စင်ဘက်ခြမ်း ဟော်တယ်ခန်းကို ပြန်ဖွင့်လိုက်တဲ့ အချိန်မှာပဲ တည်းခိုမယ့် ဧည့်သည် တစ်ထောင် နီးပါးလောက် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လက Tai ဟော်တယ်ရယ် Trident – Oberoi ဟိုတယ် ၂ခုကို အစ္စလာမ် စစ်သွေးကြွလက်နှက်ကိုင်တွေ အကြမ်းဘက် စီးနင်း သိမ်းပိုက်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ လူ ၁၇၀နီးပါး သေဆုံးမှုတွေ ဖြစ်ခဲ့ရတာပါ။ ဟော်တယ်နားမှာ အခြေအနေကို စောင့်ကြည့်သူတွေကလည်း ပြောတာကတော့ လက်နက်ကိုင် အကြမ်းဖက်သမားတွေနဲ့ ရဲတွေဟာ နာရီပေါင်း ၆၀ နီးပါးလောက် အပြန်အလှန် ပြစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီလို တိုက်ခိုက်မှုတွေအတွင်း ဟိုတယ်မှာတည်းနေကြတဲ့ ဧည့်သည်တွေနဲ့ ဟော်တယ် ဝန်ထမ်းတွေလည်း သေဆုံးခဲ့ကြရပါတယ်။ သေနတ်သံတွေ ဧည့်ခန်းဆောင်တွေ အခန်းတွေ အတွင်းက ပေါက်ကွဲမှုတွေနဲ့အတူ ဟော်တယ်တွင်းမှာ သွေးချောင်စီးတဲ့ ဖြစ်ရပ်တွေနဲ့လည်း ကြုံခဲ့ရပါတယ်။


Trident ဟော်တယ်ဥက္ကဌ Rattan Keswani ကတော့ ဘယ်သူမှ ဒီဖြစ်ရပ်ဆိုးကြီးကို မေ့ပြစ်နိုင်ကြမှာ မဟုတ်ပေမယ့် လုပ်စရာရှိတာတဲ့ အလုပ်တွေကိုတော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်လို့ ပြောပါတယ်။

အခုလို လပိုင်းအတွင်း ဒီဟိုတယ်တွေကို ပြန်ဖွင့်တယ်ဆိုတာက ဒီလို ဖြစ်ရပ်တွေကို ကြုံခဲ့ရပေမယ့် သတ္တိရှိကြောင်း ပြသတာ ဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေး ဗဟိုကျတဲ့ မြို့တော်ရဲ့ ခံနိုင်ရည်ရှိမှုတွေကို ပြသလိုက်တာ ဖြစ်တယ်လို့ ဟော်တယ် ၂ခုစလုံးက ထိပ်တန်း တာဝန်ခံ က ပြောပါတယ်။ ကျန်တဲ့ အဆောက်အဦပိုင်းတွေကိုလည်း ပြန်ဖွင့်ဖို့ကတော့ အချိန်လ ိုနိုင်ပါသေးတယ်။ လွန်ခဲတဲ့ နှစ် ၁၀၀လောက်ကတည်းက ထင်ရှားတဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အဦ ဖြစ်တဲ့Tai ဟိုတယ်ရယ် Oberoi ဟိုတယ်တွေက နေရာတချို့ကို ပြန်ဖွင့်နိုင်ဖို့ကတော့ လအနည်းငယ် ကြာနိုင်သေးပါတယ်။
အခုတော့ ဟော်တယ်နဲ့ ဟော်တယ် ပတ်ဝန်းကျင် နားတွေမှာ အနံခံခွေးတွေနဲ့ ရဲတွေ ထူထူထပ်ထပ် ချထားသလို လူခြုံရေး အထူးစောင့်ကြပ်နေတာလည်း တွေ့ရပါတယ်။ ဟော်တယ် ဧည့်သည်တွေရဲ့ ခရီးဆောင်အိတ်တွေကို ဟော်တယ ်အဝင်ဝမှာ X ray ရောင်ခြည်ဖြတ် စစ်ဆေးတဲ့ စက်တွေနဲ့ စစ်ဆေးတာတွေလည်း ပြုလုပ်နေပါတယ်၊ ဟော်တယ် အခန်း ကြိုတင်မှာသူတွေ ဟော်တယ်က စားသောက်ဆိုင်မှာ စားဖို့ ကြိုတင်နေရာမှာသူတွေဟာ တဖွဲဖွဲလာနေကြတယ်လို့ ဟော်တယ်တာဝန်ရှိသူတွေက ပြောပါတယ်။


လာတည်းကြတဲ့ ဧည့်သည်တွေ အလိုကျ ဟော်တယ် ဝန်ထမ်းတွေက အတတ်နိုင်ဆုံး ဧည့်ဝတ်ကျေဖို့ ဟော်တယ် ဝန်ထမ်းတွေ ကြိုစားနေတာတွေရတယ်လို့လည်း လာတည်းတဲ့ ဧည့်သည်တဦးက ပြောပါတယ်။

ဟော်တယ်မှာ လာတည်းတဲ့ ဧည့်သည်တဦး ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ လက မွန်ဘိုင်းမြို့က အ ကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀တွင်း လက်နက်ကိုင ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေတွင်း အဆိုးဝါးဆုံးနဲ့ အထိနာဆုံး ဖြစ်ရပ်ကြီး ဖြစ်ခဲ့တယ်လို့ VOA သတင်းထောက် Anjana Pasricha က နယူးဒေလီကနေ သတင်း ပေးပို့ခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG