သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုယိုတာကုမ္ပဏီ နောက်နှစ်ဆန်း အရှုံးပေါ်မည် ခန့်မှန်း


ဂျပန်နိုင်ငံရဲ့ တိုယိုတာ မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးက ၂၀၀၉ ခုနှစ်
မတ်လမှာကုန်ဆုံးမယ့် စီးပွားရေးနှစ်အတွင်း ဂျပန်ယန်းငွေတန်ဖိုး မြင့်မားနေမှုနဲ့
ကမ္ဘာတဝန်း မော်တော်ကား အရောင်းအဝယ် ကျမှုတို့ကြောင့် ပထမဆုံးအကြိမ်
အရှုံးပေါ်လိမ့်မယ်လို့ ခန့်မှန်းကြောင်း ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံထုတ် တိုယိုတာမော်တော်ကားများ အမေရိကန်နဲ့
ဥရောပနိုင်ငံများမှာ အရောင်း သုံးပုံတပုံကျော် ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်
အတွင်းမှာတော့ တိုယိုတာကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလီယံ အမြတ်ပေါ်ခဲ့ပါတယ်။

အရင်သီတင်းပတ်ထဲမှာပဲ ဂျပန်နိုင်ငံရဲ့ ဟွန်ဒါ မော်တော်ကားကုမ္ပဏီလည်း နှစ်စဉ်
အမြတ် သုံးပုံနှစ်ပုံ လျော့မယ့်အကြောင်း တွက်ချက်ခန့်မှန်း ကြေညာခဲ့ပါတယ်။

အမေရိကန် မော်တော်ကားထုတ်တဲ့ ကုမ္ပဏီတွေကတော့ ပိုပြီး အခြေအနေဆိုး
နေပြီး ဂျင်နရယ်မော်တော်နဲ့ ခရိုင်ဆလာ ကုမ္ပဏီတို့က ပြည်ထောင်စုအစိုးရရဲ့
အထောက်အပံ့ ဒေါ်လာ ၁၇.၄ ဘီလီယံ ရရှိလို့ ဒေဝါလီခံရမယ့် အခြေအနေက
လွတ်သွားပြီး စီမံခန့်ခွဲမှုပုံစံ ပြောင်းလဲရေး တာဝန်ယူလုပ်ဆောင်နေပါတယ်။

ဖို့ဒ်ကုမ္ပဏီကတော့ အစိုးရအထောက်အပံ့မပါဘဲ ရပ်တည်နိုင်သေးတယ်၊ ရှေ့နှစ်မှာ
အရောင်းတက်မလာရင်တော့ အထောက်အပံ့ လိုကောင်းလိုလိမ့်မယ်လို့ ခန့်မှန်း
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG