သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းတည်ငြိမ်မှုရအောင် ထိုင်းအစိုးရသစ် အုပ်ချုပ်ဖို့ ဘုရင်မင်းမြတ် တိုက်တွန်း


ထိုင်းနိုင်ငံမှာ အစိုးရသစ်တရပ် ဖွဲ့စည်း
လိုက်ပြီးတော့ ဝန်ကြီးအဖွဲ့ကလည်း ဒီကနေ့
ပဲ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။ ဒီလို
ကျမ်းသစ္စာကျိန်ဆိုရာမှာ ထိုင်းဘုရင်
မင်းမြတ်က တိုင်းပြည်မှာ ငြိမ်းချမ်း
တည်ငြိမ်မှုတွေ ရှိလာအောင် ဆောင်ရွက်
သွားဖို့လည်း အစိုးရသစ်ကို တိုက်တွန်း
လိုက်ပါတယ်။ ဒီလို ထိုင်းအစိုးရ အပြောင်း
အလဲတွေနဲ့အတူ ဒေသတွင်းနိုင်ငံတွေ၊
အထူးသဖြင့် မြန်မာနိုင်ငံလို အိမ်နီးချင်း
နိုင်ငံတွေ အပေါ်မှာလည်း အကျိုးဆက်တွေ
ရှိလာနိုင်လိမ့်မယ် ဆိုပြီးတော့လည်း အကဲခတ်တွေက တွက်ဆနေကြပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ဒီမိုကရက်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်သစ် အဘီဆစ် ဝိဂျာဂျီဝ
(Abhisit Vejjajiva) ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့လိုက်ပြီး ထိုင်းဘုရင်
ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။ ဝန်ကြီးအဖွဲ့ဝင် ၃၆ ယောက်ပါဝင်တဲ့ အစိုးရ
သစ်က ဘုရင် ဘူမိဘော အဒူယာဒတ် (Bhumibol Adulyadej) ရှေ့မှောက် အခုလို
ကျမ်းသစ္စာကျိန်ဆိုတဲ့ နေရာမှာလည်း အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျပ်အတည်း
တွေ ကြုံနေရတာတွေ ချောချောမောမောဖြစ်အောင် စီမံခန့်ခွဲသွားနိုင်လိမ့်မယ်လို့
သူမျှော်လင့်တဲ့အကြောင်းနဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရတာကိုလည်း မြင်ချင်ပါတယ်
ဆိုပြီး တိုက်တွန်းခဲ့တာပါ။ တိုင်းပြည်မှာ စည်းကမ်းတကျဖြစ်အောင်၊ လူတွေစိတ်ချမ်း
သာအောင် လုပ်ပေးနိုင်မယ်ဆိုရင် ထိုင်းပြည်သူတွေ လိုလားတဲ့အတိုင်း တိုင်းပြည်ဟာ
ချောချောမွေ့မွေ့နဲ့ လျှောက်လှမ်းနိုင်မှာပါလို့လည်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း
ညွန့်ပေါင်းအစိုးရသစ်အဖြစ် မဟာမိတ်ပါတီဝင်တွေက ဝန်ကြီးအဖွဲ့ဝင်တချို့ကို ရွေးချယ်
ခဲ့တာကြောင့် အစိုးရအဖွဲ့သစ်က ဘုရင်မင်းမြတ် မျှော်လင့်ထားသလို ဆောင်ရွက်နိုင်
မယ့် အခြေအနေတွေ ရှိမရှိအပေါ် သံသယတွေကလည်း ရှိနေတာပါ။

ထိုင်းနိုင်ငံရေး အကဲခတ်တဦးလည်းဖြစ်၊ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့
Human Rights Watch ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သုတေသန အရာရှိတဦးလည်းဖြစ်တဲ့
ဆူနိုင် ဖာဆွတ် ပြောတာကတော့ ...

“ဝန်ကြီးအဖွဲ့စာရင်းကို ကြည့်လိုက်ရင် ဒါဟာ ဝန်ကြီးနေရာတွေအတွက် သင့်တော်မယ့်
သူတွေအဖြစ် အခြေမခံဘဲ ရောပြွမ်းနေတာကို တွေ့ရပါတယ်။ ဝန်ကြီးအဖွဲ့ဝင်တွေ
ဖြစ်သင့်သူတွေအဖြစ် ရွေးချယ်တာထက် နိုင်ငံရေးအရ စဉ်းစားဆုံးဖြတ်ပြီး အပေးအယူ
လုပ်ရတာတွေ ပါနေပါတယ်။”

ထိုင်းအစိုးရသစ်ရဲ့ ဝန်ကြီးအဖွဲ့ ရွေးချယ်တာနဲ့ ပတ်သက်လို့ ပြောဆိုသံတွေ ထွက်နေတဲ့
အထဲမှာတော့ ဝါရင့်သံတမန်တဦးဖြစ်တဲ့ မစ္စတာ ကဆစ် ပီယိုမျာ (Kasit Piromya) ကို
ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြတာပါ။
သူဟာဆိုရင် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နဲ့
အရင်အစိုးရတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံ
ခဲ့တာတွေရှိခဲ့လို့ အခုလို ရွေးချယ်ရမှာ သင့်တော်ပါ့မလားဆိုပြီး ပြောဆိုနေကြတာပါ။

ထိုင်းအစိုးရသစ်ရဲ့ ဝန်ကြီးအဖွဲ့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့ ရမ်ဂမ်
ဟမ်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို လေ့လာရင်း ထိုင်းနိုင်ငံရေး အခြေအနေ
တွေကို စောင့်ကြည့်နေတဲ့ ကိုကျော်လင်းဦး ပြောတာကတော့ ...

“တချို့ဝန်ကြီးနေရာတွေကို အထူးသဖြင့် စီးပွားရေးသမားတွေက သိပ်မကြိုက်ကြဘူး။
ဥပမာ စက်မှုဝန်ကြီးဌာနလိုဟာမျိုးတွေ၊ နောက်တခုက Tourism နဲ့ပတ်သက်တဲ့
ဝန်ကြီးဌာနတွေမှာ သူတို့က Coalition partner ပါတီလေးတွေကို ခွဲပေးရတာကိုး။
အဲဒီခွဲတမ်းကနေတက်လာတဲ့ တချို့လူတွေရဲ့ အရည်အချင်းကို စီးပွားရေးသမားတွေက
သိပ်သဘောမကျတဲ့ဟာတွေတော့ ရှိနေတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနက ကဆစ်ဆိုတာက အရင်တုန်းက ပီအေဒီဆန္ဒပြပွဲတွေမှာ
ပီအေဒီစင်မြင့်ပေါ်မှာ တပ်ခ်ဆင်နဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ပစ်ပစ်ခါခါ ဝေဖန်ခဲ့တဲ့သူ
ပေါ့။ ဒါပေမယ့် ဒီနေ့ ကဆစ်ပြောတာက သူ အဓိကဦးစားပေးလုပ်ရမယ့် အလုပ်နှစ်ခု
က အာဆီယံ ထိပ်သီးအစည်းအဝေးကို အစောဆုံး၊ အမြန်ဆုံး ကျင်းပဖို့ရယ်၊ ကမ္ဘော
ဒီးယားနဲ့ဖြစ်ခဲ့တဲ့ နယ်စပ်ပြဿနာတွေကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းဖို့၊ ဒါကို
သူက ဦးစားပေးပြီးပြောသွားတော့ ကဆစ်ရဲ့ လုပ်နိုင်တဲ့အနေအထားကို စောင့်ကြည့်
ရမှာပဲလို့ ကျနော်ထင်တယ်။”

ဒီလို နိုင်ငံခြားရေးဝန်ကြီးသစ်အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ တပတ်
ထဲတုန်းကပဲ နိုင်ငံခြားရေးဝန်ကြီးသစ်ကတော့ ထိုင်းနိုင်ငံရေးအတွက်သာမက ဒေသ
တွင်းက မြန်မာနိုင်ငံလို နိုင်ငံတွေမှာပါ ဒီမိုကရေစီရေး တိုးတက်မှုတွေ ရှိလာစေဖို့
လုပ်သွားမှာဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တာတွေလည်း ရှိပါတယ်။ ရှေ့လျှောက်
ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အခြေအနေတွေအပေါ် ထိုင်းနိုင်ငံရေးအကဲခတ်
မစ္စတာ ဆူနိုင်ကတော့ အခုလို သုံးသပ်ပါတယ်။

“နိုင်ငံခြားရေးမူဝါဒအနေနဲ့ ပြောရမယ်ဆိုရင်တော့ မစ္စတာကဆစ်ဟာ မြန်မာနိုင်ငံမှာ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ဖို့ ခိုင်ခိုင်မာမာ ရပ်တည်သူ သံတမန်တဦး
အနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်စရာ
ရှိကောင်းရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ဒီမိုကရက်ခေါင်းဆောင်တဲ့ အစိုးရ
လက်ထက်မှာ ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရနဲ့ ပတ်သက်လို့ ရပ်တည်ချက်တွေ
ပြောင်းကောင်းပြောင်းနိုင်ပါတယ်။ စီးပွားရေးအရ ဆက်ဆံမှုတွေကို ထိန်းညှိပြီးတော့
ထိုင်းနိုင်ငံ၊ အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ
လုပ်လာအောင် ပိုပြီးဖိအားပေးတာတွေ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။”

ထိုင်းနိုင်ငံမှာ အစိုးရသစ်တရပ် တက်လာတဲ့အပေါ် အကဲခတ်တွေရဲ့ အမြင်တွေပါ။

ဒီအတောအတွင်း မကြာခင်ကမှ တခြား နိုင်ငံရေးအင်အားစုတွေနဲ့ ဖွဲ့စည်းလိုက်တဲ့
ပွေးထိုင်းပါတီကလည်း သူတို့ရဲ့ ပါတီခေါင်းဆောင်သစ်တဦးကို ရွေးချယ်ပြီး
အတိုက်အခံအဖြစ် ရပ်တည်ဖို့ ပြင်ဆင်မှုတွေ ရှိနေတယ်လို့လည်း ထိုင်းသတင်း
တွေမှာ ဖော်ပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG