သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဘက်သလေဟမ်မှာ ခရစ်စမတ်ပွဲတော် ကျင်းပ


ခရစ်တော် ယေရှုဖွားမြင်တဲ့ ခရစ်စမတ်နေ့အခါသမယ ရောက်ရှိလာပြီမို့ မနေ့က အရှေ့အလယ်ပိုင်း ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းခြေ ဘက်သလေဟမ်မြို့ (BETHLEHEM )မှာ ဝတ်ပြု ဆုတောင်း ဓမ္မတေးသံတွေ ပျံ့လွှင့်နေပါတယ်။
ဒီမြို့မှာ ခရစ်ယာန် ဘုရားဖူးတွေ ထောင်ပေါင်းများစွာ ရောက်ရှိနေပြီး ခရစ်စမက်ပွဲတော်ကို စတင် ဆင်နွှဲနေကြတာပါ။ ခရစ်ယာန် ဘုန်းတော်ကြီးတွေက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး စီတန်း လှည့်လည်လို့ နေတီပတီ(the Nativity) ဘုရားရှိခိုးကျောင်းထဲ ဝင်ရောက် နေကြတာကို မန်ဂါ (Manger Square) ရင်ပြင်မှာ စုဝေး ရောက်ရှိနေတဲ့ လူသူ ပရိသတ်ကြီးက စောင့်ကြည့်နေခဲ့ကြပါတယ်။ ခရစ်တော် ယေရှုဖွားမြင်ခဲ့ရာလို့ ယုံကြည်ကြတဲ့ နေရာပေါ်မှာ တည်ဆောက်ထားတဲ့ ဘုရားရှိခိုးကြောင်းကြီး ဖြစ်ပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းမှု အာရုံကို ရရှိခံစားကြရတယ်လို့ ဘုရားဖူးတွေက ဗွီအိုအေကို ပြောဆိုခဲ့ပြီး၊ ဘုရားဖူးတွေကို ဈေးရောင်းကောင်းတဲ့အတွက် ဈေးဆိုင်ကနားတွေမှာလည်း ပျော်ရွှင်ပီတိတွေနဲ့ ဖုံးလွှမ်းနေကြပါတယ်။ ဒါပေမယ့်လည်း အစ္စရေးတွေက လုံခြုံရေး အကြောင်းပြပြီး တင်းကြပ်မှုတွေအပေါ် ဒေသခံတွေ ပါလက်စတိုင်းတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ ဘက်သလေဟမ်မြို့ကို ဝင်ရာ လမ်းတွေမှာ ချထားတဲ့ အစ္စရေး စစ်တပ်က စစ်ဆေးရေး ဂိတ်တွေကို ဘုရားဖူးတွေနဲ့ ပါလက်စတိုင်းတွေက စစ်ဆေးခံပြီးမှာ ဖြတ်နေကြရလို့ပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG