သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီနီ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီးကာမာရာ


ဂီနီနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း စစ်အာဏာ
သိမ်းပြီး နိုင်ငံရဲ့သမ္မတသစ်အဖြစ် သူ့ကိုယ်သူ
မကြေညာမီအထိ ဗိုလ်ကြီး မူဆာ ကာမာရာ
(Moussa Camara) ကို ဂီနီနိုင်ငံသားအများစုက
မသိကြပါဘူး။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား
ကောင်စီလို့ နာမည်ပေးထားတဲ့အဖွဲ့ကို ဦးဆောင်
ပြီး အသက် ၄၀ ခန့်ရှိတဲ့ ဗိုလ်ကြီးကာမာရာက
အာဏာသိမ်းယူလိုက်တာ ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးရည်မှန်းချက်ထက်
တိုင်းပြည်အတွက် ပိုပြီးစိတ်ဝင်စားတဲ့ ရိုးသားသူ
တယောက်ဖြစ်တယ်လို့ ဒီသီတင်းပတ် ရေဒီယိုမိန့်ခွန်းထဲမှာ သူ့ကိုယ်သူ ဖော်ပြပြောဆို
ခဲ့ပါတယ်။

သူဟာ အာဏာကိုဆုပ်ကိုင်ထားဖို့ အစီအစဉ်မရှိဘဲ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်
ပွဲတွေ လုပ်ပေးသွားမယ်လို့ အလေးထားပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ
တွေကို ၂၀၁၀ မတိုင်ခင် လုပ်ပေးမယ့်အစီအစဉ် မရှိသေးပါဘူး။

ဂီနီနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ အာဏာလွှဲပြောင်းပေးတဲ့ အတွေ့အကြုံက မရှိ
သလောက်ပါ။ ၁၉၅၈ ခုနှစ် ပြင်သစ်ထံက လွတ်လပ်ရေးရပြီးကတည်းက သမ္မတ
တယောက်တည်းကနေ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG