သုံးရလွယ်ကူစေသည့် Link များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အနာဂတ်


Noon Johan ဟာ အ၀တ်ချုပ်လို့ရတဲ့ငွေနဲ့ သူမရဲ့သားသမီး ခုနှစ်ယောက်ကို ကျွေးမွေး နိုင်ပါပြီ။ ဒါဟာအိမ်မက်လား လို့လည်း သူမကထင်နေဆဲပါပဲ။ သူမခင်ပွန်း ဆုံးသွားပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းဆိုင်ရာ သင်တန်းသစ်က သူမကို လက်ခံခဲ့ပါတယ်။

ဒီသင်တန်းသာ မတက်ခဲ့ရရင် ကျမမိသားစု အတွက် တောထဲမှာ ထင်းခုတ်ပြီး ရောင်းကျွေးရမလား၊ တောင်းရမ်းကျွေးရမလားပါပဲ။ သင်တန်းမတက်ရရင် ဒါတွေလုပ်ဘို့တခုပဲ ရွေးချယ်စရာရှိပါတော့တယ်။

၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီးတဲ့နောက် လူသားခြင်းဆိုင်ရာ စာနာမှု အကူအညီအထောက်အပံ့တွေ ဝေငှပေးကမ်းတာကို စားသောက်နေထိုင်နေခဲ့ကြရတာ ခုချိန်မှာတော့ ဒါတွေမလိုတော့ပါဘူး။ သူမတို့မိသားစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းနှစ်ခုထဲမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၂၀၀၀၀ ကျော်ထဲမှာ အပါ အ၀င်ဖြစ်ပါတယ်။

သူတို့တတွေဟာ မကြာတော့တဲ့တနေ့ မြန်မာပြည်ကို ပြန်ကြရမယ်ဆိုတဲ့ မျှော်လင့် ချက်လေးတွေနဲ့ နေထိုင်နေကြတာပါ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) က သူတို့ရဲ့ နေထိုင်မှုဘ၀အခြေအနေတွေ အပြောင်းအလဲ ဖြစ်စေနိုင်ဘို့အတွက် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်စွမ်းရှိမဲ့ အခြေအနေတွေဖြစ်စေမဲ့ သေးငယ်ပေမဲ့ ထိရောက်မှုရှိတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်လုပ်ဆောင်ပေးလိုက်တဲ့ အခါမှာတော့ သူတို့ရဲ့ ကံတရားမကောင်းဖြစ်ခဲ့ရတာတွေ မေ့ပျောက်သွားခဲ့ကြပါတယ်။

အားလုံးသိပါတယ်လေ ကျနော်တို့ရဲ့ အထောက်အပံ့တွေနဲ့ သူတို့ဒီမှာ နေထိုင်နေ ကြတာ (၁၇) နှစ်နီးပါးရှိပါပြီ။ အဲ့ဒီအချိန်က သူတို့တွေဟာ ထောက်ပံ့ကူညီမှုတွေ တခု ထဲအပေါ်မှာပဲ မှီခိုနေကြရတာပါ။ အရင်က သူတို့မှ ဘာအခွင့်အလမ်းမှ မရှိခဲ့ပါဘူး၊ အခု အချိန်မှာတော့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို အားကိုးပြီး ဘ၀ ရပ်တည်နိုင်ဘို့ဖွံ့ဖြိုးတိုးတက်ဘို့ အရည်အသွေးတွေရှိလာပြီလို့ ကျနော်တို့ ထင်ပါ တယ်။

အပြောင်းအလဲတွေဟာ စိတ်ပိုင်းဆိုင်ရာသာမက ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ပိုင်း တွေမှာပါ ရှိနေတာပါ။ ဆိုလာ (solar) စံနစ်နဲ့ လျှပ်စစ်သုံးစွဲတာတွေ၊ အိမ်သာနဲ့ နေအိမ် တွေ ဆောက်လုပ်တာတွေက လူမှုအသိုင်းအ၀ိုင်းမှာ ၀မ်းမြောက်ဂုဏ်ယူစရာ တွေ့မြင် လာရပါတယ်။

ကျနော့်မှာ အရည်အခြင်းနည်းနည်းရှိလာခဲ့မယ်ဆိုရင် ဒီအရည်အချင်းကို အသုံးချပြီး မိသားစုကိုထောက်ပံ့နိုင်မှာပါ။ အနာဂတ်မှာ ကောင်းမွန်တဲ့ ဘ၀တွေ ရလာမှာပါ။

Noor Jahan ဟာ ဒုက္ခသည်တွေ အများစုထဲမှာ တက်ကြွမှုရှိတဲ့ သူတယောက်ဖြစ် ပါတယ်၊ဒုက္ခသည်အမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်မှု နဲ့ စောစီးစွာ အိမ် ထောင်ပြုမှုတွေကြောင့် ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး သင်တန်း တွေ ပေး နေသူ တယောက်လည်း ဖြစ်ပါတယ်။

လူငယ်တွေ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုတွေ တိုးတက်လာနိုင်ဘို့အတွက် ပညာပေးမှု လုပ်ငန်းတွေအပြင် အသင်း အဖွဲ့အားကစားနည်းတွေကိုလည်း စခန်းအတွင်းမှာ စီစဉ်လုပ်ဆောင်ပေးခဲ့ပါတယ်။ အကြမ်းမဖက်မှုအဓိပ္ပါယ် နဲ့ ပတ်သက်ပြီး ကွဲပြားခြားနားတဲ့ အဖြေတွေထွက်လာနိုင်တဲ့ နည်းလမ်းတွေကိုလည်း သူတို့သင်ကြား နိုင်ခဲ့ကြပါတယ်။

အားကစား နဲ့ တခြားတိုးတက်မှုတွေ ရှိလာပေမဲ့ ပညာရေးအခြေအနေကတော့ အရည်အခြင်းမပြည့်ဝသေးပါဘူး။ ဒုက္ခသည်စခန်းတွင်းက စာသင်ကျောင်းတွေမှာ သုံးဘာသာပဲ သင်ကြားမှုရှိပြီး အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့်တွေလည်း မရှိသေးပါဘူး။

ဒီအတွက် Noor Jahan ကတော့ သူမရဲ့ ခလေးငယ်တွေအဖို့ အကန့်အသတ် နဲ့ နေထိုင်နေကြရတာမို့ မျှော်လင့်ချက်ကင်းမဲ့ နေကြတယ်လို့ဆိုပါတယ်။

ကျမ အဓိက စိုးရိမ်ပူပန်မိတာက ကျမတို့ အပြင်ကို အလုပ်ထွက်မလုပ်နိုင်၊ ခလေးတွေ ကိုလည်း အပြင်မှာ ကျောင်း မပို့နိုင်ပဲ ဒုက္ခသည်စခန်းထဲမှာ သင်ပေးတဲ့ ပညာရေးပဲ ရှိတာကြောင့် ကျမခလေးတွေဟာ ကျောင်းဆရာတွေ၊ ဆရာဝန်တွေ ဖြစ်လာဘို့ အခွင့်အလမ်းတွေ ဘယ်တော့မှ မရှိတာပါပဲရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG