သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိကို သမ္မတဘုရှ် ချီးကျူးဂုဏ်ပြု


မတ်လဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့လ
ဖြစ်ပါတယ်။ တနင်္လာနေ့က အမေရိကန်
သမ္မတ ဂျော့ချ်ဒဗလျူဘုရှ် (George W.
Bush) က သမ္မတအိမ်ဖြူမှာ အခမ်းအနား
တရပ်ကျင်းပပြီး ကမ္ဘာတလွှားမှာရှိတဲ့
လွတ်လပ်မှုအတွက် တိုက်ပွဲတွေဝင်နေကြတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ပါတယ်။ အခုလို
ဂုဏ်ပြုတဲ့အခါ ကမ္ဘာတလွှားက အမျိုးသမီး
တွေထဲက သူ့နိုင်ငံ၊ သူ့ဝန်းကျင်အတွက် အပြောင်းအလဲတွေကို ဖြစ်စေခဲ့သူ အရင့်
အရင်က အမျိုးသမီးကြီးတွေကိုသာမကဘဲ အခုလက်ရှိကာလမှာ နိုင်ငံနဲ့လူမျိုးအတွက် အပြောင်းအလဲတွေ ဖြစ်လာစေသူ သက်ရှိထင်ရှားရှိသူတွေကိုပါ ဂုဏ်ပြုခဲ့တာ တွေ့ရ
တယ်လို့ သမ္မတအိမ်ဖြူက သတင်းထောက် ပေါ်လာဝုဖ်စင် (Paula Wolfson) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဂုဏ်ပြုပွဲမှာ သမ္မတဘုရှ်က …
“ကျနော်တို့ပြည်တွင်းထဲက အမျိုးသမီးတွေအတွက် ကျနော်တို့ ဂုဏ်ယူနေတာနဲ့
တချိန်တည်းမှာပဲ တခြားနိုင်ငံတွေမှာလည်း အမျိုးသမီးထုကြီး သန်းပေါင်းများစွာဟာ
သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေ ရနိုင်ဖို့အတွက် လုပ်ဆောင်နေကြတယ်ဆိုတာ ကျနော်
တို့ သိထားပါတယ်။”

သမ္မတဘုရှ်ဟာ ဒီဂုဏ်ပြုပွဲမှာ အာဖဂန်နစ္စတန်နဲ့ အီရတ်လိုမျိုး ဒီမိုကရေစီ စတင်
ထွန်းကားလာနေတဲ့ နိုင်ငံမျိုးက အမျိုးသမီးတွေထဲက ဒီမိုကရေစီရေးအတွက် အဓိက ကြိုးပမ်းနေသူတွေကို ထုတ်ဖော်ဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် လိုက်ဘေးရီးယားနိုင်ငံ
သမ္မတ အယ်လန်ဂျွန်ဆင် ဆီရာလိဖ် (Ellen Johnson Sirleaf) ကို နမူနာပြပြီး နိုင်ငံ
တနိုင်ငံဟာ ပြိုကွဲလုနီးနီးဖြစ်နေရာကနေ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာစေ
တဲ့အထိ အမျိုးသမီးတဦးကနေ ဘယ်လောက်လုပ်ဆောင်နိုင်ခဲ့တယ် ဆိုတာကိုလည်း
အခုလို ထောက်ပြခဲ့ပါတယ်။

“လိုက်ဘေးရီးယားနိုင်ငံသူ နိုင်ငံသားတွေက သမ္မတဂျွန်ဆင်ကို သံမဏိအမျိုးသမီးကြီး၊
မိခင်ကြီးလို့ ခေါ်ကြပါတယ်။ ကျနော်ကတော့ သူ့ကို သူငယ်ချင်းလို့ ဂုဏ်ယူစွာနဲ့ပဲ
ခေါ်ချင်ပါတယ်။”

စစ်အာဏာရှင်အုပ်စိုးတဲ့ တိုင်းပြည်တွေမှာ အာဏာရှင်လက်အောက်က လွတ်လပ်မှု ရလာစေဖို့အတွက် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး ပြောကြားတဲ့အခါမှာ
တော့ ပထမ ကျူးဘားနဲ့ ဘီလာရုစ်လိုနိုင်ငံတွေက လှုပ်ရှားသူ အမျိုးသမီးတွေရဲ့ စံနမူ
နာတွေကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အာဏာရှင်နိုင်ငံတွေထဲက အထူးသဖြင့် မြန်မာ
နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာစေဖို့အတွက် ကတိပြုခဲ့တဲ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရလာစေဖို့ ဦးဆောင်နေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း
စုကြည်ကိုလည်း အခုလို ဂုဏ်ပြုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တော့မှ မယိမ်းမယိုင် ရပ်တည်နိုင်တဲ့သူပါ။ သူ့ရဲ့
သတ္တိနဲ့ သူ့ရဲ့ရေးသားဖော်ပြချက်တွေက ကမ္ဘာက လူသန်းပေါင်းများစွာကို သတ္တိတွေ ကောင်းလာအောင်၊ အင်အားတွေရှိလာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။ ဒါတင်မက
သေးပါဘူး၊ မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ ရင်ထဲမှာ စိမ့်ပြီး ကြောက်လာ
အောင် လုပ်နိုင်တဲ့ အမျိုးသမီးတဦးလည်း ဖြစ်ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG