သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာအကျပ်အတည်း ဒီတပတ်အတွင်း ပြေလည်နိုင် လိမ့်မယ်လို့ ကုလ အတွင်းရေးမှူးချုပ်ဟောင်း အန်နန် မျှော်လင့်


ဒီဇင်ဘာလ ရွေးကောက်ပွဲတွေ ပြီးကတည်းက တောက်လျှောက်ဖြစ်ပွားလာခဲ့တဲ့ ကင်ညာနိုင်ငံက
ပဋိပက္ခတွေ အဆုံးသတ်ရေး နိုင်ငံရေးပါတီတွေ
ကြားမှာ သဘောတူညီမှုတွေ ဒီတပတ်အတွင်းရဖို့ မျှော်လင့်ရပါတယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေး
မှူးချုပ်ဟောင်း မစ္စတာ ကိုဖီအန်နန် (Kofi Annan)
က ပြောလိုက်ပါတယ်။

ဒီကနေ့ပဲ ကင်ညာလွှတ်တော်မှာ ကြားဝင်စေ့စပ်
ပေးနေသူအဖြစ် ဆောင်ရွက်ပေးနေတဲ့ မစ္စတာ
ကိုဖီအန်နန်က မဲထည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ နိုင်ငံရေးပါတီတွေ
ဆွေးနွေးရေး သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိသမ္မတ မွိုင်ကဘားကီး (Mwai Kibaki) နဲ့ အတိုက်အခံခေါင်းဆောင် ရွိုင်လာ
အိုဒင်းဂါး (Raila Odinga) တို့ပါဝင်တဲ့ မဟာညွန့်ပေါင်းအဖွဲ့ကို ဖန်တီးဖို့အထိ နိုင်ငံရေး သဘောတူညီမှုတွေ ရလာနိုင်တယ်လို့လည်း မစ္စတာအန်နန်က ဆိုပါတယ်။

သဘောတူညီမှုတခုရရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွှတ်တော်ကနေ ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ ခွင့်ပြုမယ့်သဘော ရှိနေပါတယ်။

မနေ့တုန်းကတော့ အတိုက်အခံ လိမ္မော်ရောင်လှုပ်ရှားမှုအဖွဲ့က လက်ရှိသမ္မတ
ကဘားကီးတို့ပါတီနဲ့ နှစ်နှစ်ကြာ အာဏာခွဲဝေယူရေး ကမ်းလှမ်းခဲ့ပြီး ရွေးကောက်ပွဲတွေ အသစ်ပြန်စဖို့ကိုပါ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG