သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်တချို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တောင်းဆိုဆန္ဒပြ


လုံခြုံရေးအတွက် အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ကြား
ကပဲ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ
လူငယ်တချို့က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု
တွေလုပ်ဖို့ မြန်မာစစ်အစိုးရကို ငြိမ်းချမ်းစွာ
တောင်းဆို ဆန္ဒပြပွဲတခုလည်း ဖြစ်ပွားခဲ့ပါ
တယ်။ အဲန်အယ်လ်ဒီရုံးချုပ်မှာ ၆၁ နှစ်
မြောက် ပြည်ထောင်စုနေ့အခမ်းအနား
ကျင်းပနေတုန်း လူငယ်တချု့ိက ပြင်ပမှာ
ဆန္ဒပြခဲ့ကြတဲ့အကြောင်းကိုတော့ ဆန္ဒပြပွဲမှာ
ပါဝင်တဲ့ လူငယ်တွေက အခုလိုပြောပြပါ
တယ်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ ဒုက္ခ အကျပ်
အတည်းတွေက ၈၈ ကစပြီးတော့ အခု စက်တင်ဘာနောက်ဆုံး အရေးအခင်းအထိ
ပေါ့။ မြန်မာပြည်သူတွေရဲ့ ဒုက္ခအမျိုးမျိုးကို လွတ်မြောက်စေချင်တဲ့ဆန္ဒနဲ့ ဒီဆန္ဒပြပွဲကို
ကျနော်တို့ လုပ်ဆောင်ရခြင်းဖြစ်တယ်။

“ကုလသမဂ္ဂအလံကို ကျနော်တို့ ကိုင်စွဲတယ်ခင်ဗျ။ ကိုင်စွဲပြီး ဆန္ဒပြတယ်။ နောက်
လေးပေ သုံးပေရှိတဲ့ Wall Sheet ဓာတ်ပုံ သုံးခုကိုင်တယ်။ စာတမ်းကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ကုလသမဂ္ဂရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်အရ အပြည့်အ၀
ဆောင်ရွက်ပေးရေး၊ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေး၊ နိုင်ငံရေးအကျဉ်း
သားအားလုံး အမြန်ဆုံးပြန်လွတ်မြောက်ရေးဆိုတဲ့ တောင်းဆိုချက်တွေနဲ့ ကျနော်တို့
ဆန္ဒပြတယ်။

“ဒီနေ့ ယူအဲန်အလံကိုထောင်ပြီး ဆန္ဒပြဖြစ်ကြတာကတော့ ဆယ့်ငါးယောက်၊ အယောက်နှစ်ဆယ်လောက်တော့ရှိမယ်။ ရုံးရှေ့မှာ အမျိုးသမီးအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ဒို့အရေး၊ ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်၊ အော်သံတွေရော။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ် ဆိုတာတွေရော။ တွေ့ဆုံဆွေးနွေးရေး ဒို့အရေး၊ ဒို့အရေး၊ နောက်
အမျိုးသားပြန်လည်သင့်မြတ်ရေး ဒို့အရေး၊ ဒို့အရေး လို့ကြွေးကြော်ပြီး ဒီနေ့ ဆန္ဒပြခဲ့တဲ့
နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပါတယ်”

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုဆန္ဒပြပွဲတခု
ရန်ကုန်မြို့မှာ လုပ်ဆောင်ခဲ့တဲ့အကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေ ကိုယ်တိုင် ပြောပြသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG