သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲအစီအစဉ် အမေရိကန် လက်မခံနိုင်


စစ်အစိုးရရဲ့ လာမယ့်မေလမှာ လူထုဆန္ဒခံယူ
ပွဲ ကျင်းပဖို့နဲ့ ၂၀၁၀ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်ဟာ ပြည့်စုံ
မှုမရှိဘူးလို့ အိမ်ဖြူတော်က ပြောကြားသွား
ပါတယ်။ သူတို့ရဲ့အစီအစဉ်က ပွင့်လင်းမှု
လည်း မရှိသလို တရားမျှတမှုလည်းမရှိဘူးလို့
သမ္မတဘုရှ် အစိုးရအဖွဲ့က ပြောတာပါ။ ဒီအကြောင်းအသေးစိတ်ကို ဗွီအိုအေသတင်း
ထောက် Paula Wolfson သတင်းပေးပို့ထား
တာကို မအေးသန္တာကျော်က တင်ပြပေးထား
ပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲအစီအစဉ်ကို အခုပြောင်းလဲစီစဉ်တာမှာ ထောက်ပြ
စရာတွေရှိနေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ဒေနာ ပရီနို (Dana Parino)
က ပြောသွားပါတယ်။

“ရွေးကောက်ပွဲ ဘယ်တော့ကျင်းပမယ်ဆိုပြီး ရက်ရွေးချယ်တာက ပြဿနာမဟုတ်ပါ
ဘူး။ ပြဿနာက စစ်အစိုးရရဲ့လုပ်ရပ်က ထင်သာမြင်သာရှိမနေဘူး။ ပြီးတော့ ဒီကိစ္စ
ကို သူတို့ဘာသာသူတို့ ဆုံးဖြတ်ပြီး ကြေညာလိုက်တာပါ”
အိမ်ဖြူတော်ရဲ့ ပြောခွင့်ရအမျိုးသမီး ဒေနာ ပရီနို ပြောသွားတာပါ။

သူကပဲဆက်ပြီး စစ်အစိုးရခေါင်းဆောင်တွေဟာ အတိုက်အခံခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လုံးဝမတိုင်ပင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို သူတို့ဘာသာသူတို့ တံခါးပိတ်ဆွေးနွေးပြီးတော့ ရေးဆွဲကြတာလို့ မစ္စပရီနိုကပဲ ပြော
ပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ပါဝင်တဲ့အကြောင်းအရာတွေကိုလည်း
လူထုကို ပေးသိတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ပါရှိတဲ့အချက်တွေ
ဟာ ပြဿနာရှိတယ်လို့ သိရကြောင်းလည်း မစ္စပရီနိုက ပြောပါတယ်။

“အခုအဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အကြောင်းအရာတွေ အများကြီးပါဝင်ပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းကြည်ဟာ
နိုင်ငံခြားသားနဲ့ လက်ထပ်မိလို့ သူ့ကို နိုင်ငံခေါင်းဆောင်နေရာကို အရွေးခံခွင့်မပြုဘူး
ဆိုတာမျိုးပါပဲ”

မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ် ရွေးချယ်တဲ့နေရာမှာ တည်ဆောက်ပုံ၊ ဖွဲ့စည်းပုံတွေနဲ့
ပတ်သက်ပြီး လူထုကိုလည်း မျှမျှတတ ပါဝင်ပြောဆိုခွင့်ပေးထားတဲ့ လွတ်လပ်ပွင့်လင်း
ပြီး ဘက်ပေါင်းစုံပါဝင်တဲ့နည်းလမ်းနဲ့ လုပ်ကိုင်ဖို့ ကုလသမဂ္ဂက မနှစ်က အောက်တို
ဘာမှာ တောင်းဆိုထားတာကို မြန်မာအစိုးရက လိုက်နာရမယ်လို့ မစ္စပရီနိုက ပြောပါ
တယ်။

မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲအစီအစဉ်ကို စနေနေ့က ကြေညာခဲ့တာပါ။ မြန်မာ
နိုင်ငံမှာ ပြီးခဲ့တဲ့စက်တင်ဘာက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့လူထုကို စစ်အစိုးရက
ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီးနောက်ပိုင်း နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်
ဆောင်ဖို့ နိုင်ငံတကာက ဖိအားပေးတာကို သက်သာအောင်လုပ်ဖို့ဆိုပြီး စစ်အစိုးရက
အခုလို အကွက်ဆင်တာ ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးကြပါ
တယ်။

စစ်အစိုးရဟာ အန္တရာယ်တစုံတရာမပြုတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်ပြီး ဖမ်းဆီး
ဆဲ၊ ထောင်ဒဏ်အပြစ်ပေးနေဆဲပဲလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack) ကလည်း သတင်းထောက်တွေကို ပြောကြားပါ
တယ်။ မြန်မာနိုင်ငံမှာ အားလုံးက အကြောက်တရားနဲ့ နေထိုင်နေကြရတာမို့ အဲဒီလို အခြေအနေမျိုးမှာ ကျင်းပတဲ့ ဘယ်လူထုဆန္ဒခံယူပွဲကမှ လွတ်လပ်မှုနဲ့ တရားမျှတမှု
မရှိနိုင်ပါဘူး။ အချက်အလက်တွေက ယုံကြည်လောက်စရာမရှိနိုင်ပါဘူးဆိုတဲ့ အချက်
ကို မစ္စတာမက်ကောမက်က အထူးအလေးပေး ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG