သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲပုဂံလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် ပူတာအိုမှာ ပြေးလမ်းကျော် လမ်းချော်


မြန်မာပြည်က ပုဂ္ဂလိကပိုင် အဲပုဂံ
လေကြောင်းလိုင်းက မန္တလေး-မြစ်ကြီးနား-ပူတာအိုမြို့တွေကို ပြေးဆွဲနေတဲ့ လေယာဉ်
တစီး ဒီနေ့ညနေပိုင်းက ပူတာအိုလေဆိပ်မှာ တိမ်းချော်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဒီအကြောင်း တရုတ်ပြည် အစိုးရပိုင် ဆင်ဟွာသတင်းမှာလည်း ဖော်ပြထားပါ
တယ်။

သတ်မှတ်ထားတဲ့ လေယာဉ်ပြေးလမ်း နယ်နိမိတ်ကိုကျော်လွန်ပြီး တိမ်းချော်သွားတာ
လို့ ဆိုပါတယ်။ လူအသေအပျောက် မရှိဘူးလို့လည်း သိရပါတယ်။

ဒီသတင်းသေချာမှုရှိမရှိ သိနိုင်အောင် ရန်ကုန်လေဆိပ်က အဲပုဂံလေယာဉ်ရုံး
ဝန်ထမ်းတဦးကို ဗွီအိုအေက ဆက်သွယ်မေးကြည့်ပါတယ်။

“နေ့ခင်းပိုင်းလောက်ကပါ။ ဘာမှမဖြစ်ပါဘူး လေယာဉ်က၊ smash ဖြစ်သွားတာပါ။ ပျက်ကျတာမဟုတ်ပါဘူး။ ခရီးသည်တွေအားလုံးလည်း ပုံမှန်ပါပဲ။ ဘယ်သူမှ ဘာမှ
အသေအပျောက် မရှိပါဘူး”

လေယာဉ်ဟာ ပျက်ကျတာမဟုတ်ဘဲ တိမ်းချော်သွားတာဖြစ်တဲ့အကြောင်း၊ အရှိန်
လွန်သွားတာ ဖြစ်တဲ့အကြောင်း အဲပုဂံလေကြောင်းလိုင်းက ဝန်ထမ်းတဦး ရှင်းပြ
ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG