သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအခြေခံဥပဒေကို ထောက်ခံရန်နှင့် ကန့်ကွက်ရန်ဆိုသည့် စည်းရုံးလှုံ့ဆော်မှုများ


မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ လုပ်မယ်ဆိုတဲ့ကိစ္စမှာ
လူထုအနေနဲ့ မိမိတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြီး ကန့်ကွက်မဲတွေပေးကြဖို့ Generation
Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးက လှုံ့ဆောင်မှုတွေလုပ်နေတာ တွေ့ရပါ
တယ်။ ဒီဆန္ဒခံယူပွဲကို လွတ်လပ်ပြီး မျှတမှုရှိဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးဖို့၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ပေးဖို့၊ နိုင်ငံတကာက စောင့်ကြည့်
လေ့လာခွင့်ပြုဖို့နဲ့ လူထုလေးစားသူတွေနဲ့ ဆန္ဒခံယူပွဲကော်မရှင် ဖွဲ့ဖို့ဆိုတာတွေကို
ဒီကနေ့ပဲ ဒီအဖွဲ့က ထုတ်ပြန်တောင်းဆိုပါတယ်။

လူထုအနေနဲ့ ဒီဆန္ဒခံယူပွဲမှာ စစ်အစိုးရရဲ့ဖွဲ့စည်းပုံကို ကန့်ကွက်ကြဖို့ဆိုတဲ့ လှုံ့ဆော်မှု
တွေ၊ စည်းရုံးမှုတွေကို ရန်ကုန် နေရာတော်တော်များများမှာ ပြုလုပ်လျက်ရှိတယ်လို့
လည်း သိရပါတယ်။ ဒီလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး GW မျိုးဆက်သစ်လူငယ်
အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ကျော်ကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦး
က တင်ပြထားပါတယ်။

“မေလထဲမှာ ကျင်းပပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပြည်သူ့ဆန္ဒခံယူပွဲဖြစ်စေချင်တာ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်ပါ။ ဒီလိုမျိုးဖြစ်ဖို့ ကျနော်တို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေလည်း ရှိပါတယ်။ ဒီတောင်းဆိုချက်
တွေကိုလည်း နအဖအနေနဲ့ လိုက်လျောပေးမယ်လို့လည်း ကျနော်တို့ ထင်ပါတယ်”

ကိုကျော်ကျော်တို့ လာမယ့်လူထုဆန္ဒခံယူပွဲကို ဘာတွေဖြစ်သင့်တယ်ဆိုတာကို အခု တောင်းဆိုထားတဲ့အခါကျတော့ ဒီဆန္ဒခံယူပွဲကို လက်ခံတယ်ဆိုတဲ့ သဘောလား၊ ဘယ်လိုသဘောလဲခင်ဗျ။

“အမှန်ကတော့ မူဝါဒဆိုတာ အပေါ်ယံအလွှာအနေနဲ့ ဖြစ်တည်နေတာ ဖြစ်ပါတယ်။ ဒီပြည်သူ့ဆန္ဒခံယူပွဲဟာ စစ်အစိုးရရဲ့ မူဝါဒလမ်းစဉ် ၇ ရပ်က ဖြစ်ပေါ် လာတယ်ဆိုတာ
ကိုလည်း ကျနော်တို့နားလည်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်တာက လက်တွေ့လုပ်ငန်းစဉ်ပါ။ ဒီရှေ့တန်းစစ်မျက်နှာသဖွယ်ဖြစ်နေတဲ့ လက်တွေ့လုပ်ငန်း
စဉ်ကိုမှ ကျနော်တို့က တပ်လန်သွားအောင် မတိုက်နိုင်ဘူးဆိုရင် မူဝါဒကိုတိုက်ရာ
မရောက်ပါဘူး။ ဒီတော့ စစ်အစိုးရရဲ့ မူဝါဒကို အလဲဖြိုပစ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့
အခြေခံကိုယ်ထည်ဖြစ်တဲ့ လက်တွေ့လုပ်ငန်းစဉ်ကို ကျနော်တို့ တဆင့်ပြီးတဆင့် ဖြိုဖျက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာဖြစ်ပါတယ်”

အခု ကိုကျော်ကျော်တို့က ဒီဆန္ဒခံယူပွဲကို လူတွေသွားပြီး မဲထည့်ကြဖို့ ပြောနေတယ်
ဆိုတော့ အခြား ပြည်တွင်း လူငယ်ကျောင်းသားတွေထဲမှာရော အမြင်မတူတာမျိုး
ရှိလား၊ ဘယ်လိုသဘောထားတွေ ရှိကြလဲခင်ဗျ။

“အခု ပြည်တွင်းမှာ referendum အပေါ် အခြားအမြင်ရှိနေသူတွေလည်း အများကြီး
ရှိပါတယ်။ ကျနော်တို့တွေ ညှိနှိုင်းတိုင်ပင်ထားတာတွေလည်း အများကြီးပါပဲ။ ဒီအခြေ
အနေမှာ ပထမဦးဆုံး အရေးကြီးတဲ့အချက်အနေနဲ့က ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်
နိုင်မှုရှိမရှိကို ကျနော်တို့ အဓိက ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ ကျနော်တို့ရွေးချယ်တဲ့
နည်းလမ်းအရ ပြည်သူတွေ ထိခိုက်မှုမရှိဘဲ မိမိတို့ရဲ့ဆန္ဒကို မိမိတို့ လွယ်ကူစွာ၊
လွတ်လပ်စွာနဲ့ ထုတ်ဖော်နိုင်မယ်လို့ ကျနော်တို့ ရည်ရွယ်တဲ့အတွက်ကြောင့်လည်း
ကျနော်တို့ ဒီလုပ်ရပ်ကို လုပ်ရခြင်းဖြစ်ပါတယ်”

တကယ်တမ်း လူထုဆန္ဒခံယူပွဲက မြန်မာစစ်အစိုးရအနေနဲ့ မဲရုံနဲ့လုပ်မယ်လို့ ယူဆ
ရလား၊ ဒါမှမဟုတ် အရင်တုန်းကလို သူတို့အင်အားတွေသုံးပြီးတော့ လူထုဆန္ဒခံယူပွဲ
ပုံစံမျိုး လုပ်မယ်လို့ ယူဆရလား၊ ဘယ်လို ကိုကျော်ကျော်တို့ ယူဆထားလဲ၊ သူတို့
လုပ်မယ့်ပုံစံကို။

“အခုလက်ရှိ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ၊ အခုလက်ရှိ တိုင်းပြည်ထဲမှာ ဖြစ်ပေါ်နေ
တဲ့ အငြင်းပွားမှုတွေ၊ ဒီဟာတွေအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ မဲရုံနဲ့ ဆန္ဒ
ခံယူပွဲကိုသာ လုပ်မှ နိုင်ငံတကာ အပါအဝင် ပြည်သူတရပ်လုံးက ကျေနပ်ကြလိမ့်မယ်
လို့ ကျနော်တို့ယူဆပါတယ်။ အကယ်၍သာ ဘောလုံးကွင်းထဲမှာလုပ်တဲ့ ပြည်သူ့ဆန္ဒ
ခံယူပွဲမျိုးလုပ်မယ်ဆိုရင်တော့ ကျနော်တို့လည်း အပြင်းအထန်ကန့်ကွက်ရပါလိမ့်မယ်”

အခု မဲရုံနဲ့ ဆန္ဒခံယူပွဲလုပ်မယ်၊ ဆန္ဒကောက်ခံမယ်ဆိုရင်ရော တကယ်တမ်း
လွတ်လပ်ပြီး မျှတတဲ့ ဆန္ဒခံယူပွဲ ဖြစ်လာမယ်လို့ ယူဆရလား။

“အခုလက်ရှိ အခြေအနေမှာတော့ နအဖစစ်အစိုးရအနေနဲ့ ၅/၉၆ ကိုလည်း မပစ်ပယ် ထားသေးပါဘူး။ ဒီ့အတွက်ကြောင့် ကျနော်တို့မှာ ဝေဖန်ပိုင်ခွင့်တွေလည်း ဘာမှမရှိပါ
ဘူး။ လွတ်လပ်စွာစည်းရုံးပိုင်ခွင့်တွေလည်း ဘာမှမရှိပါဘူး။ ဒီလို အခြေခံကျတဲ့ အချက်အလက်တွေကို ကျနော်တို့က ပထမဦး တောင်းဆိုထားတာဖြစ်ပါတယ်။
ဒီတောင်းဆိုထားတဲ့ တောင်းဆိုချက်တွေသာ ရရှိခဲ့မယ်ဆိုရင် ကျနော်တို့အနေနဲ့
လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောပိုင်ခွင့်၊ မိမိရဲ့ဆန္ဒ၊ မိမိရဲ့သဘော
ထားကို လွတ်လပ်စွာ ရေးသားထုတ်ဝေပိုင်ခွင့် ဒါတွေရလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး
အခြေခံကျတဲ့ လူ့အခွင့်အရေး အချက်အလက်တွေကို နအဖအစိုးရအနေနဲ့ ပထမဦး
ဆုံးအဖြစ် ပေးသင့်ပါတယ်။ ဒီလိုမျိုး အခြေခံကျတဲ့ လူ့အခွင့်အရေး အချက်အလက်
တွေတောင် မပေးနိုင်ဘူးဆိုရင်တော့ referendum ကို ကျနော်တို့လည်း ဆန့်ကျင်
သွားရမှာ ဖြစ်ပါတယ်”

Generation Wave မျိုးဆက်သစ်လူငယ်အဖွဲ့က ကိုကျော်ကျော် ပြောသွားတာပါ။
Generation Wave အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း လူငယ်
ကျောင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလိုမျိုး စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကို မဲထည့်ကြဖို့ ပြောနေတဲ့အထဲမှာ အခုလို ဖွဲ့စည်း
ပုံကို ဆန့်ကျင်တဲ့အဖွဲ့ ရှိသလိုပဲ ဒီဖွဲ့စည်းပုံကို ထောက်ခံဖို့ လှုံ့ဆော်နေတဲ့လူတွေလည်း
ရှိပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်လက်တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရကိုလိုလားတဲ့ အုပ်စုတခုဖြစ်ပြီး တချိန်က ၈၈ နိုင်ငံရေးလှုပ်ရှားမှုတွေ
မှာ ပါဝင်ခဲ့ဖူးပါတယ်ဆိုတဲ့ ကိုအေးလွင်ခေါင်းဆောင်တဲ့အဖွဲ့က မြန်မာစစ်အစိုးရက မကြာခင်လုပ်မယ့် လူထုဆန္ဒခံယူပွဲတွေကို ထောက်ခံကြဖို့ လှုံ့ဆော်မှုတွေကို အာဏာ
ပိုင်တွေရဲ့ အကာအကွယ်တွေအောက်မှာ ဆောင်ရွက်နေတာလို့ ရန်ကုန်မြို့ခံတချို့က ပြောပြကြတာပါ။ ဒီလိုလှုံ့ဆော် လှုပ်ရှားမှုတွေ လုပ်နေတဲ့အထဲက ရန်ကုန်တိုင်း
အင်းစိန်မြို့နယ် ဖော့ကန်မှာ ဒီကနေ့ ကိုယ်တွေ့မျက်မြင် ကြုံခဲ့ရသူတဦးကတော့ သူ့
အတွေ့အကြုံကို အခုလို ပြန်ပြောပြပါတယ်။

“စာရွက်တွေလိုက်ကမ်းနေတာကို တွေ့ခဲ့ရတာပေါ့။ စာရွက်က သုံးရွက်၊ စာမျက်နှာ
ခြောက်မျက်နှာ။ ဝေတဲ့လူတွေကတော့ အဖြူနဲ့အစိမ်းဝတ်ထားတာပေါ့။ အမှတ်တမဲ့
ကြည့်ရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအရောင်ပေါ့။ အဲဒီအရောင်တွေနဲ့ လိုက်ဝေတယ်။ ဘာမှ
တော့ သူတို့က သိပ်မပြောဘူး၊ ဒီတိုင်းပဲဝေတာပဲ။ အကုန်လုံးကို လိုက်ဝေသွားတာပဲ။
အသက် ၂၅ ကနေ ၃၀ ပတ်ဝန်းကျင်တွေပေါ့။ သူတို့ဝေတော့ ဘေးပတ်ဝန်းကျင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့၊ စွမ်းအားရှင်တို့၊ နယ်ထိန်းအဖွဲ့တို့၊ ရဲအဖွဲ့တို့လိုလူတွေ သူတို့တွေက
ဘေးနားကနေ လိုက်ပြီးစောင့်ရှောက်နေတဲ့ပုံစံမျိုးကြီး။ အဲလိုမျိုး အရပ်ဝတ်နဲ့ လိုက်ပြီး စောင့်ရှောက်တဲ့ပုံစံမျိုးနဲ့ အနားမှာ ရစ်သီရစ်သီ တွေ့တာပေ့ါ”

ဒီလိုဖြန့်ချိနေတဲ့စာတွေထဲမှာ အစိုးရရဲ့လုပ်ရပ်တွေကို ထောက်ခံခိုင်းရုံသာမက
ဆန့်ကျင်သူ အတိုက်အခံတွေကိုလည်း သတင်းပေးဖော်ထုတ်ဦးမယ်ဆိုပြီး သတိပေး ပြောဆိုလိုက်တယ်လို့လည်း သူက ပြောပါသေးတယ်။

“အဲဒီမှာရေးထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို ဆန့်ကျင်
သူများနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလွဲသုံးစားပြုနေသည့် နိုင်ငံရေးအချောင်
သမားများအား ဖော်ထုတ်၍ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှု
ကို ပြည်သူလူထုနှင့်အတူ လက်တွဲ၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဆိုပြီး ရေးထားတယ်”

အခုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ -
မြန်မာနိုင်ငံလို့ အမည်ပေးထားတဲ့အဖွဲ့ကို ဦးဆောင်တဲ့ ကိုအေးလွင်ဟာ မြန်မာ
စစ်အစိုးရကို လိုလားသူတဦးဖြစ်သလို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့
လုပ်ရပ်တွေကို မကြာခဏဆိုသလို ဆန့်ကျင်လေ့ရှိသူဖြစ်တာမို့ အာဏာပိုင်တွေရဲ့
အကာအကွယ် ရရှိထားသူတဦးလို့လည်း အများက ယုံကြည်ထားသူတဦး ဖြစ်ပါတယ်။

ဒီလို အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံဖို့၊ အတိုက်အခံတွေရဲ့ ဆောင်ရွက်
ချက်တွေကို ချေမှုန်းဖို့ သတိပေးပြောဆိုပေမယ့်လည်း ကုလသမဂ္ဂလို နိုင်ငံတကာ
အသိုင်းအဝိုင်း ဒီမိုကရေစီအင်အားစုတွေက ပြောဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့လို၊ နိုင်ငံရေးအရ အခြေခံပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆိုတာမျိုးတွေ
တော့ မပါဝင်ဘူးလို့လည်း ဒီစာကို ကိုယ်တွေ့မျက်မြင်လက်ခံရရှိသူက ပြောပါသေး
တယ်။

XS
SM
MD
LG