သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒဏ်ခတ်အရေးယူသည့် စီးပွားရေးသမားစာရင်းထဲ လော်စစ်ဟန် သားအဖ ထပ်တိုး


အေးရှားဝါးလ်ဒ်ကုမ္ပဏီပိုင်ရှင် လော်စစ်ဟန်
နဲ့ သားဖြစ်သူအပါအဝင် သူတို့ပိုင်ဆိုင်တဲ့
ပစ္စည်းတွေ၊ ကုမ္ပဏီတွေကို အမေရိကန်
ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ အရေး
ယူလိုက်ပါပြီ။ ဒါဟာ ဦးတေဇအပါအဝင် သူနဲ့ ဆက်စပ်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေကို
ဖေဖော်ဝါရီလ ၅ ရက်နေ့က ဒဏ်ခတ်အရေး ယူလိုက်ပြီးတဲ့နောက် ရက် ၂၀ အတွင်း ဒုတိ
ယမြောက် ဒဏ်ခတ်အရေးယူတာဖြစ်ပါ
တယ်။ ဦးကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ခုတကြိမ်မှာလည်း အမေရိကန်ဘဏ္ဍာရေး
ဝန်ကြီးဌာနက အချက်အလက် အသေးစိတ် အပြည့်အစုံနဲ့အတူ ဒဏ်ခတ်အရေးယူတဲ့
စာရင်းကို ထုတ်ပြန်ခဲ့တာပါ။ ဘဏ္ဍာရေး
ဝန်ကြီးဌာနရဲ့ ကြေညာချက်ထွက်လာပြီး
မရှေးမနှောင်းမှာပဲ အမေရိကန်သမ္မတရဲ့ ထုတ်ပြန်ချက်လည်း အိမ်ဖြူတော်ကနေ ထွက်လာခဲ့ပါတယ်။ သမ္မတရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ်
မေးမြန်းခဲ့ရာမှာ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂေါ်ဒွန်
ဂျွန်ဒရိုး (Gordon Johndroe) က ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
အတွက် စစ်အစိုးရက လိုအပ်တာတွေ မလုပ်ဆောင်ဘူးဆိုရင် နောက်ထပ် ဒဏ်ခတ် အရေးယူတာတွေ ထပ်လုပ်သွားမယ်လို့ ပြောပါတယ်။

“သမ္မတဘုရှ်ရဲ့ ထုတ်ပြန်ချက်က အင်မတန်ရှင်းပါတယ်၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ
ဒီမိုကရေစီ အသွင်ကူးပြောင်းတာကို သူက မြင်တွေ့ချင်တာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာပြည်သူလူထုအတွက် မှန်ကန်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်လိမ့်မယ်လို့
ကျနော်တို့ တကယ့်ကို မျှော်လင့်ပါတယ်။ ကိုယ့်ပြည်သူလူထုအတွက် လိုအပ်တာကို လုပ်ဆောင်ရမှာက မြန်မာစစ်အစိုးရပါ။ မြန်မာလူထု ဘဝတိုးတက်ဖို့ လိုအပ်တဲ့
လုပ်ဆောင်မှုတွေကို မလုပ်ဘူး၊ ဒီမိုကရေစီကို ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေး
လိုအပ်တာတွေ မလုပ်ဆောင်ဘူးဆိုရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက ပြင်ဆင်ထားသလို ကုလသမဂ္ဂမှာလည်း အရေးယူ လုပ်ဆောင်သွားပါမယ်။”

မြန်မာပြည်သူလူထုဟာ စစ်အစိုးရရဲ့ မှားယွင်းချွတ်ချော်တဲ့ အုပ်ချုပ်မှုအောက်မှာ ဘေးဒုက္ခရောက်နေရချိန် စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့အပေါင်းပါတွေကတော့
ချမ်းသာသထက် ချမ်းသာလာကြတာကြောင့် အဲဒီလူပုဂ္ဂိုလ်တဦးချင်းစီကို တိုက်ရိုက်
ပစ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုက အရေးယူတာဖြစ်တယ်၊ ဒါဟာ မြန်မာ
နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေကို မြှင့်တင်ရေး အမေရိကန်
မူဝါဒရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖောြ်ပထားပါ
တယ်။

မြန်မာစစ်အစိုးရက ကိုယ့်ပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်တာကို မရပ်ဆိုင်း ဘူးဆိုရင်တော့ အဲဒီလိုအုပ်ချုပ်မှုကို ခိုင်မြဲအောင် ကျားကန်ပေးနေပြီး အဲဒီကနေ
အကျိုးအမြတ်တွေ မတရားရယူနေတဲ့ စတီဗင်လောလို လူမျိုးတွေကို တိုက်ရိုက်
ပစ်မှတ်ထားပြီး ဆက်အရေးယူသွားမယ်လို့ အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ အမေ
ရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတူးဝပ်တ် လီဗေး (Stuart Levey)
ကလည်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အခုချမှတ်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေဟာ လူတဦးချင်းစီကို တိုက်ရိုက် ပစ်မှတ်ထား တာဖြစ်တဲ့အတွက် လူထုများရာစုကြီးကို ထိခိုက်မှုမရှိဘဲ ပစ်မှတ်ထားသူတွေကိုသာ ထိခိုက်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့
(USCB) ရဲ့ မူဝါဒရေးရာညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“ဒီစီးပွားရေးပိတ်ဆို့မှုက ပုဂ္ဂိုလ်တယောက်ချင်းရဲ့ ကြွယ်ဝချမ်းသာမှုကို ပစ်မှတ်ထား
တာကိုး။ လော်စစ်ဟန်တို့ စတီဗင်လောတို့ သူတို့မှာ မသမာတဲ့နည်းနဲ့ ရရှိထားတဲ့
ငွေကြေးဥစ္စာ အမြောက်အမြားရှိတယ်။ အဲဒီငွေကြေးတွေကိုလည်း နိုင်ငံပြင်ပမှာ၊
စင်ကာပူ၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေမှာ ဟန်ပြကုမ္ပဏီတည်ထောင်ပြီး၊ ငွေစာရင်းတွေ
ဖွင့်ပြီး မြှုပ်နှံစုဆောင်းထားတာရှိတယ်။ အဲဒီစုဆောင်းမှုတွေနဲ့ပဲ နအဖဗိုလ်ချုပ်တွေ
ကို သူတို့က ငွေရေးကြေးရေး ထောက်ပံ့တယ်။ လိုအပ်ရင် လိုအပ်သလို လက်နက်တွေ
ဝယ်ယူပေးတယ်။ စသဖြင့် နအဖဗိုလ်ချုပ်တွေအတွက် သူတို့က အလုပ်အကြွေးပြုနေ
ကြတာကိုး။ အခုလို ပုဂ္ဂိုလ်တယောက်ချင်းရဲ့ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပြီး
အရေးယူပိတ်ဆို့တာအားဖြင့် အများပြည်သူကို ဘယ်လိုမှ ထိခိုက်မှာမဟုတ်ပါဘူး။”

တိုက်ရိုက်ပစ်မှတ်ထားတဲ့ စီးပွားရေးသမားတွေအပြင် ဒီစီးပွားရေးသမားတွေနဲ့
ဆက်စပ်နေတဲ့၊ ဒီစီးပွားရေးသမားတွေကြောင့် ချမ်းသာကြွယ်ဝနေတဲ့ မြန်မာစစ်ဗိုလ် ချုပ်တွေကိုလည်း ဒီလို ဒဏ်ခတ်အရေးယူမှုတွေက ထိခိုက်စေပါတယ်လို့ ဦးအောင်ဒင်
က ဆက်ပြောပါတယ်။

“နအဖစစ်ခေါင်းဆောင်တွေရဲ့ စီးပွားရေး၊ ကြွယ်ဝချမ်းသာမှုကို အခုက ပိုပြီး ပစ်မှတ်
ထားပါတယ်။ အခု မြန်မာနိုင်ငံတွင်းမှာ နအဖစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့မိသားစု
ဝင်တွေ ကလေးတယောက်ရဲ့ တနေ့မုန့်ဖိုးတောင်မှ သိန်းနဲ့ချီသုံးနေကြတာ။ အာရှနိုင်ငံ
တွေကိုလည်း လွယ်လွယ်ကူကူ ခရီးထွက်ပြီး ခရက်ဒစ်ကတ်နဲ့ ထင်သလို ချယ်လှယ်
သုံးစွဲနေတာမျိုး။ ဒီလောက်ကြွယ်ဝချမ်းသာမှု အများကြီးကို နအဖစစ်ခေါင်းဆောင်တွေ
အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရရှိလာတာပါ။ သူတို့ရရှိနေတဲ့ နိုင်ငံတော်ကပေးတဲ့ လခနဲ့ သူတို့ ဒီလိုနေလို့မရဘူး။ အခုလို သူတို့ကို အလုပ်အကြွေး
ပြုနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကျနော်တို့က ပိတ်ဆို့ဟန့်တားခြင်းအားဖြင့် ဒီစီးပွားရေးလုပ်ငန်းရှင်တွေက နအဖဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို
ထောက်ပံ့နေရတဲ့ အတိုင်းအတာက ခါတိုင်းထက်ပိုပြီးတော့ လျော့နည်းလာမှာ
သေချာပါတယ်။”

အခုလို အမေရိကန်ပြည်ထောင်စုကချမှတ်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေကနေတဆင့်
နိုင်ငံတကာက တညီတညွတ်တည်းချမှတ်တဲ့ အရေးယူမှုတွေ ဖြစ်လာနိုင်ပါတယ်လို့
လည်း ဦးအောင်ဒင်က ပြောပါတယ်။

မနေ့ကထုတ်ပြန်ခဲ့တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်အရေးယူမှု
စာရင်းထဲမှာ လော်စစ်ဟန် (Lo Hsing Han)၊ သူ့ရဲ့သားဖြစ်သူ စတီဗင်လော
(Steven Lo)၊ စတီဗင်လောရဲ့ဇနီးဖြစ်သူ စီစီလီယာလော (Cecilia Lo) နဲ့ သူတို့တွေ လည်ပတ်လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေပါဝင်ပါတယ်။

အဲဒီထဲမှာ အေးရှားဝါးလ်ဒ် ကုမ္ပဏီလီမိတက်၊ အေးရှားလိုက်တ်ကုမ္ပဏီလီမိတက်၊
အေးရှားဝါးလ်ဒ်ကုန်ထုတ်လုပ်ငန်း၊ အေးရှားဝါးလ်ဒ် ဆိပ်ကမ်းစီမံခန့်ခွဲမှုလုပ်ငန်းတို့
အပြင် စီစီလီယာလော စီမံခန့်ခွဲလုပ်ကိုင်နေတဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီဆယ်ခု
လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဦးတေဇပိုင် အော်ရီယမ်ပဲလေ့စ် (Aureyn Palace) ဟိုတယ်နဲ့ အပန်းဖြေ
စခန်းနဲ့ မြန်မာ Treasure အပန်းဖြေစခန်းတို့ကိုလည်း အခုဒဏ်ခတ်မှုစာရင်းထဲမှာ ထပ်မံထည့်သွင်းထားပါတယ်။

မကြာသေးခင်ကလည်း မြန်မာပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက
ဦးတေဇပိုင် စီးပွားရေးလုပ်ငန်းတွေအပြင် မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့မိသားစု
တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ မြန်မာပြည်သူ
လူထုကို နှိုးဆော်ထားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG