သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး ငှက်တုပ်ကွေးသင့်လို့ ကြက်စာ၊ ကြက်သား တင်သွင်းခွင့်ပိတ်


မြန်မာနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်မြို့ စစ်တကောင်း
မှာ ကျီးကန်းတွေ ကြက်ငှက်တုပ်ကွေးရောဂါ
နဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဘင်္ဂလား
ဒေ့ရှ် သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရ
ပါတယ်။ အခုလို ကြက်ငှက်တုပ်ကွေးရောဂါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေ အနေနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကော့က်စ်ဘဇားက နိရဉ္စရာ သတင်းထောက် ဦးအောင်သန်းကို
ဆက်သွယ်မေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

“မြန်မာနိုင်ငံနဲ့ ကုန်အရောင်းအဝယ်ရှိတဲ့ မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြို့တွေကတော့ ကော့က်စ်ဘဇားနဲ့ စစ်တကောင်းမြို့တွေ ဖြစ်ပါတယ်။ အခုက ဘင်္ဂလား
ဒေ့ရှ်နိုင်ငံမှာ ကော့က်စ်ဘဇားနဲ့ စစ်တကောင်းမြို့တွေရော ဒါကာမြို့တွေရော၊ ကိုမီလာ
မြို့တွေရောမှာ ကြက်ငှက်တုပ်ကွေးရောဂါက အများအပြားဖြစ်နေတယ်လို့ သိရပါ
တယ်။ မြို့နယ် ၆၄ မြို့နယ်ရှိတဲ့အထဲမှာ မြို့နယ် ၂၉ ခု၊ ၃၀ ကျော်အထိ ကြက်ငှက်
တုပ်ကွေး ပြန့်ပွားတဲ့အခြေအနေမှာ ရှိနေပါတယ်”

ဒီရောဂါပိုးတွေ့တဲ့ ကြက်ငှက်တွေကို သုတ်သင်တာတွေရှိလား။
“ဟုတ်ကဲ့၊ H5N1 ဖြစ်နေတဲ့ ကြက်ငှက်တွေကို သုတ်သင်တာတွေ ရှိပါတယ်။ အခု
ကြက်ခြံဆိုရင် တရာကျော်၊ ကြက်အကောင်ရေဆိုရင် တနိုင်ငံလုံးမှာ ငါးသိန်းနီးပါး
အထိ သတ်ပြီးပြီလို့ သူတို့ကြေညာထားပါတယ်”

ဗမာပြည်နဲ့အရောင်းအဝယ်လုပ်နေတဲ့ မွေးမြူရေး အသားငါးတွေရော တားမြစ်ထား
တာတွေရှိလား။
“စစ်တကောင်းနဲ့ ကော့က်စ်ဘဇားမြို့တွေမှာဆိုရင် မြန်မာနိုင်ငံနဲ့ ကုန်အသွားအဝယ် အရမ်းစစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်တွေ၊ ငှက်တွေကို မြန်မာနိုင်ငံကို မယူ
သွားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်စာ၊ ငှက်စာတွေကို မြန်မာနိုင်ငံဘက်ကို ယူသွားတဲ့အခြေအနေ ရှိနေတဲ့မြို့မှာ မြန်မာနိုင်ငံဘက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက
ကြက်တွေ၊ ငှက်တွေကိုယူဖို့ ပိတ်ပင်ထားတဲ့ အခြေအနေရှိပါတယ်”

ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးတာမျိုးရော တွေ့ရပြီလား။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အခုထက်ထိ လူကိုမကူးစက်သေးဘူးလို့ သူတို့ ထုတ်ပြန် ကြေညာထားပါတယ်။ လူကိုမကူးစက်နိုင်အောင်လည်း အသေးစိတ် ကာကွယ်
စောင့်ရှောက်မှုနဲ့ ကူးစက်တဲ့ကြက်ငှက်တွေကို သုတ်သင်သွားမယ်လို့ ထုတ်ပြန်ထားပါ
တယ်။ ပြည်တွင်းမှာရှိတဲ့လူထုတွေကိုလည်း ကြက်ဥတွေနဲ့ ကြက်သားတွေကို ဆင်ခြင်
ပြီးတော့ စားသောက်ကြဖို့၊ ကြက်ငှက်တုပ်ကွေးရောဂါကို တနိုင်ငံလုံးအတိုင်းအတာနဲ့ သတ်ဖြတ်ဖို့ဆိုပြီး တချို့နေရာတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူတွေ လုပ်နေကြပါတယ်။
အခု ခရိုင် ၆၄ ခရိုင်က ကြက်ခြံ ၁၃၀ နီးပါးလောက်မှာ ကြက်ကောင်ရေ ငါးသိန်းနီးပါး
လောက် သတ်ပြီးပြီလို့ သူတို့ကြေညာထားပါတယ်”
ဦးအောင်သန်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG