သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ရွေးချယ်မယ့် သမ္မတအနေနဲ့ အီရတ်အရေးမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိကြောင်း ဘုရှ်အစိုးရ ထိပ်တန်းအရာရှိပြော


သမ္မတဘုရှ် အစိုးရအနေနဲ့ နောက်တက်လာ
မယ့် အမေရိကန်သမ္မတလက်ထဲ ပိုပြီး
တည်ငြိမ်လုံခြုံတဲ့ အီရတ်ပြဿနာကို လွှဲ
ပြောင်းပေးခဲ့ဖို့ ရည်ရွယ်ပေမယ့် အတိအကျ လိုက်နာလျှောက်လှမ်းရမယ့် လမ်းကြောင်း
တခု ချမှတ်ခဲ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အီရတ်အရေးမှာ အမေရိကန်ရဲ့ ကြိုးပမ်း
အားထုတ်မှုနဲ့ပတ်သက်ပြီး ဝါရှင်တန်မြို့
တော်က အကြီးတန်းအရာရှိတဦး ပြောကြား
သွားတာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Michael Bowman ပေးပို့ထားတဲ့သတင်းလွှာကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

လာမယ့်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အီရတ်ပြဿနာကို ဘယ်လို ကိုင်တွယ်
မယ်ဆိုတာနဲ့ပတ်သက်ပြီး ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်းဖြစ်လာ
မယ့်သူတွေရဲ့ အစီအစဉ်တွေဟာ လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
တခါ သမ္မတဖြစ်လာသူဟာ အီရတ်ပြဿနာနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ်
ကြိုက်တဲ့လမ်းစဉ်ကို ရွေးချယ်ချမှတ် ဆောင်ရွက်နိုင်ပါ့မလား၊ သို့မဟုတ် ဘုရှ်အစိုးရ
လက်ဝင်ထားခဲ့တဲ့ ဘောင်ထဲမှာပဲ ချုပ်မိနေလေမလားဆိုတာကလည်း မသဲကွဲသေး
ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ရဲ့
အကြီးတန်းအကြံပေးလည်းဖြစ်၊ နိုင်ငံခြားရေးဌာန အီရတ်ရေးရာ ညှိနှိုင်းဆောင်ရွက်
ရေးမှူးလည်းဖြစ်တဲ့ ဒေးဗစ် ဆတ်တာဖီးလ်ဒ် (David Satterfield) ဟာ ဝါရှင်တန်
မြို့တော်မှာရှိတဲ့ Middle East Institute လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်း လေ့လာရေးသိပ္ပံ
မှာ အခုလိုရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ အုပ်ချုပ်ရေးသက်တမ်း ကုန်ဆုံးတဲ့အခါ ပိုမိုတည်ငြိမ်သော၊ ပိုမိုလုံခြုံသော အီရတ်နိုင်ငံကို နောင်လာမယ့်သမ္မတလက်ထဲ လွှဲပေးနိုင်ခဲ့လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ရေရှည်မှာ တည်ငြိမ်သော အမေရိကန်-အီရတ် ဆက်ဆံရေး
လည်း ဖြစ်လာပါလိမ့်မယ်။ အမေရိကန်အစိုးရသစ်ကို ကျနော်တို့ တုပ်နှောင်ထားခဲ့မှာ
မဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ရည်ရွယ်ချက် မဟုတ်ပါဘူး။ အစိုးရသစ်အနေနဲ့
အီရတ်နိုင်ငံမှာ အမေရိကန်အကျိုးစီးပွားကို ထင်ဟပ်စေမယ့် ရွေးချယ်မှုနဲ့ ဒီဟာကို
လုပ်ဆောင်ဖို့ အချိန်ရအောင် ခွင့်ပြုခဲ့မှာသာဖြစ်ပါတယ်” လို့ ဆတ်တာဖီးလ်ဒ်က ပြောသွားတာဖြစ်ပါတယ်။

ရီပတ်ဘလီကန်ပါတီက သမ္မတလောင်းဖြစ်လာမယ့် အာရီဇိုးနားဆီနိတ်တာ
ဂျွန်မက်ကိန်း (John McCain) ကတော့ အမေရိကန်တပ်ဖွဲ့တွေ အီရတ်နိုင်ငံမှာ နှစ်
အတော်ကြာ ဒါမှမဟုတ် ဆယ်စုနှစ်အတော်ကြာ ဆက်လက်တပ်စွဲသွားမယ်လို့ ဆိုပါ
တယ်။ အခြားတဖက်မှာတော့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေ
သူတွေက သူတို့သမ္မတဖြစ်ပြီး တနှစ်အတွင်းမှာပဲ အီရတ်ကတပ်တွေကို ရုပ်သိမ်းမယ်
လို့ ဆိုနေပါတယ်။ အမေရိကန်က တောက်လျှောက် ဝင်ရောက်လုပ်ကိုင်ပေးနေရင် အီရတ်ပြည်သူတွေ သူတို့တိုင်းပြည်ကို သူတို့ တာဝန်ယူချင်စိတ် ဘယ်ရှိတော့မလဲလို့
လည်း ဆိုကြပါတယ်။

နောက်တက်လာမယ့်သမ္မတကို အီရတ်မှာ သူတို့ရဲ့လမ်းစဉ်အတိုင်း တုပ်နှောင်ထားခဲ့
မှာ မဟုတ်ဘူးလို့ဆိုပေမယ့် အရှေ့အလယ်ပိုင်းခေါင်းဆောင်တွေ မကြာသေးခင်က
သမ္မတဘုရှ်ကို ပြောကြားလိုက်တဲ့ စကားအရဆိုရင်တော့ ဒါဟာ သံသယရှိစရာ ဖြစ်နေ
ပါတယ်။ အမေရိကန်နဲ့ အီရတ် စစ်ရေးသဘောတူညီချက်ကို အရှေ့အလယ်ပိုင်း
ခေါင်းဆောင်တွေ ကြိုဆိုကြပြီး အီရတ်က အမေရိကန်တို့ ရုပ်သိမ်းလိုက်ရင် ပျက်ကိန်း ကြုံရတော့မယ်လို့လည်း ရှုမြင်နေကြတယ်လို့ မစ္စတာဆတ်တာဖီးလ်ဒ်က ထောက်ပြပါ
သေးတယ်။ မနှစ်တုန်းက အမေရိကန်တပ်ဖွဲ့တွေ တိုးမြှင့်ချထားလိုက်တဲ့အတွက်
အီရတ်အခြေအနေ ကောင်းလာတယ်ဆိုတာကိုလည်း ထပ်ခါတလဲလဲ သူပြောသွားပါ
တယ်။ ဒါပေမယ့် လုံခြုံရေးဆိုတာဟာ အီရတ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် တဝက်တပျက်လောက်သာ အာမခံနိုင်တယ်လို့လည်း
အခုလိုဆိုပါတယ်။

“လုံခြုံရေးတိုးတက်ကောင်းမွန်လာတယ်ဆိုတာ ရုတ်တရက်တွေ့လိုက်ရတိုင်း ဒါဟာ စစ်မှန်သောလုံခြုံရေးဖြစ်တယ်၊ အီရတ်နိုင်ငံရဲ့ အဓွန့်ရှည် ခိုင်မြဲသော တည်ငြိမ်မှုကို ပေးနိုင်လိမ့်မယ်လို့ မဆိုနိုင်ပါဘူး” ဆိုပြီး မစ္စတာဆတ်တာဖီးလ်ဒ် ပြောသွားတာ
ဖြစ်ပါတယ်။

နိုင်ငံရေးအရ အမျိုးသားပြန်လည်သင့်မြတ်မှုသည်သာ အီရတ်နိုင်ငံအတွက် ကောင်းမွန်သောအနာဂတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအတွက် အီရတ်နိုင်ငံမှာ
ဘာ့သ်ပါတီရဲ့ အခြေခံတွေကို အကုန်ဖျက်သိမ်းနိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက် အပါအဝင် အလားအလာကောင်းတချို့ ရှိခဲ့ပြီလို့လည်း မှတ်ချက်ပြုပါတယ်။ သို့ပေမယ့်လည်း
အီရတ်နိုင်ငံရဲ့ ပေါကြွယ်ဝလှတဲ့ ရေနံလုပ်ငန်းနဲ့ပတ်သက်တဲ့ တမျိုးသားလုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပါအဝင် အရေးကြီးတဲ့လုပ်စရာတွေလည်း အများကြီး
ကျန်ရှိနေသေးတယ်လို့ ပြောသွားကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG