သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမီး သူပုန်တွေရဲ့ အဓိက ခြေကုပ်မြို့ကို သိရိလင်္ကာစစ်တပ် သိမ်းပိုက်


သီရိလင်္ကာ အစိုးရတပ်တွေဟာ တမီး ကျားသူပုန်တွေ အခြေချနေထိုင်တဲ့ ကီလီနော်ချီ (Kilinochchi) မြို့ကို ဆယ်နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အဖြစ်နဲ့ ထိန်းချုပ် နိုင်လိုက်ပြီ လို့ သီရိလင်္ကာ သမ္မတ မဟိန်းဒါ ရာဂျာပက်ခ်စီ (Mahinda Rajapakse) က ကြေညာလိုက်ပါတယ်။

အခုလိုကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ကိုလမ်ဘို မြို့တော် က လေတပ်ဌာနချုပ်ရှိရာ နေရာနားမှာ မော်တော်ဆိုင်ကယ်စီး အသေခံ ဗုံးခွဲသမားတယောက်ရဲ့ တိုက်ခိုက်တာကို ခံရပါတယ်။ ဒီ ဗုံးပေါက်ကွဲမှုကြောင့် လေတပ်သား ၂ ယောက် သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

သူပုန်တွေခြေကုပ်ယူထားတဲ့ ကီလီနော်ချီ မြို့ကို သိမ်းပိုက်နိုင်လိုက်တာဟာ ထူးခြားတဲ့ အောင်မြင်မှုတခု ဖြစ်တယ်လို့ သမ္မတ က ကြေညာလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံကနေ လွတ်လပ်ရေးရဖို့အတွက် ၂၅ နှစ်ကြာ ကြိုးစားနေကြတဲ့ လူနည်းစု တိုင်းရင်းသား တမီး ကျားသူပုန်တွေအတွက် သူတို့ရဲ့ ခြေကုပ်စခန်း ကျဆုံးတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာလည်း တမီး ကျားသူပုန်တွေ ထိန်းချုပ်ထားတဲ့ ပါရန်သန် (Paranthan) မြို့ကိုလည်း သီရိလင်္ကာ စစ်တပ်က သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ တမီး ကျားသူပုန် ၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG