သုံးရလွယ်ကူစေသည့် Link များ

၆၁ နှစ်ကြာပြီးနောက် ယနေ့မြန်မာပြည်


၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကိုလိုနီအင်္ဂလိပ်လက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပါတယ်။ ယနေ့ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးသက်တမ်းမှာ ၆၁ နှစ် ရှိလာခဲ့ပါပြီ။ လွတ်လပ်ရေးကြိုးပမ်းမှုတွေ နဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အမျိုးမျိုး၊ စနစ်အသွယ်သွယ် ဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ သမိုင်းအကြောင်းကို ပြန်ပြောင်းလေ့လာသုံးသပ်ကြည့်မယ်ဆိုရင်တော့ လွတ်လပ်ရပြီးစ နှစ်အနည်းအချိန်တွင်ကို ဒီမိုကရေစီ ဖူးပွင့်စကာလလို့ ပြောဆိုနိုင်ပေမယ့် နောက်ပိုင်း ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပြီး စစ်အစိုးရအာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးများ ပျက်သုန်းကျဆင်းလာကာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစိုးရအုပ်ချုပ်တိုင်းပြည် ဖြစ်လာခဲ့ပါတယ်။

ယနေ့တိုင်း နိုင်ငံရေး ပဋိပက္ခများနဲ့ အဆုံးမသတ် ရှိနေသေးတဲ့ မြန်မာနိုင်ငံရဲ့  နိုင်ငံရေးအခြေအနေကို သမိုင်းနောက်ခံ၊ အုပ်ချုပ်အာဏာရှင် အစိုးရများရဲ့  လွဲမှားတဲ့ လမ်းစဉ်မူဝါဒများ နဲ့ မတရားလုပ်ဆောင်ချက်များကို ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း သုံးသပ်ဆွေးနွေးထားပြီး စာရေးဆရာကြီး ဦးအောင်သင် ကတော့ တိုင်းပြည် လက်ရှိပြဿနာ နဲ့ အနာဂတ် ပဋိပက္ခတို့ကို ဖြေရှင်းလုပ်ကိုင်ဖို့အတွက် ပညာရေးအခန်းကဏ္ဍ အရေးကြီးကြောင်းကို ဆွေးနွေးတင်ပြထားပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း နဲ့ စာရေးဆရာကြီး ဦးအောင်သင် တို့ကို မသင်းသီရိ (ဗွီအိုအေမြန်မာ သတင်းဌာန) က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG