သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်ကို အစ္စရေး စစ်ရေးတိုက်ခိုက်မှု ၁၀ ရက်မြောက်ပြီ


ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ်စ်
စစ်သွေးကြွ ပစ်မှတ်များကို အစ္စရေးတို့ ထိုးစစ်
ဆင်နေတာ ၁၀ ရက်ကြာသွားတဲ့အချိန်
လေကြောင်းကရော မြေပြင်ကပါ ဆက်လက်
တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့ ဂါဇာမြို့တဝိုက် သီးခြားတိုက်ခိုက်မှုများ
အတွင်း လူ ၅ ယောက်ထက်မနည်း သေဆုံး
သွားကြောင်း အစ္စရေးရဲ့ ၁၀ ရက်ကြာတိုက်ခိုက်
မှုအတွင်း ပါလက်စတိုင်း ၅၀၀ ကျော် သေဆုံး
သွားကြောင်း ပါလက်စတိုင်း ဆေးရုံသတင်း
ရပ်ကွက်များက ဆိုပါတယ်။

အစ္စရေးစစ်သားတယောက်သေဆုံးပြီး ၃၀ ဒဏ်ရာရကြတယ်လို့ အစ္စရေးစစ်ဖက်
သတင်းများမှာလည်း ဖော်ပြပါတယ်။ ရပ်သွားအောင် အစ္စရေးတို့ ထိုးစစ်ဆင်နေတဲ့
ကြားကပဲ ဟားမတ်စ်တို့က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဒုံးကျည်များနဲ့ ဆက်လက်
ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။

နောက်ဆုံးအခြေအနေများ ဆွေးနွေးဖို့ အီဂျစ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ ကိုယ်စားလှယ်
အဖွဲ့တဖွဲ့ ဒီနေ့ စေလွှတ်မယ်လို့ ဟားမတ်စ်တာဝန်ခံများက ပြောကြားကြပါတယ်။
ရေရှည်ငြိမ်းချမ်းရေးရဖို့နဲ့ နယ်စပ်ကျော်ဖြတ်ကာ ဒုံးကျည်များနဲ့ လှမ်းပစ်နေတာတွေ
ရပ်သွားဖို့ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင်ကပါ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်
သွားမယ်လို့ အစ္စရေးက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG