သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ကူးအကြို ထိုင်းညကလပ်မီးလောင်မှု သေဆုံးမှုအထဲ မြန်မာတဦးပါ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ညကလပ်
တခုမှာ နှစ်သစ်ကူးအကြိုညက မီးလောင်မှု
ဖြစ်ပွားခဲ့တာကြောင့် အခုဆို လူပေါင်း
၆၄ ယောက်အထိ သေဆုံးခဲ့ပြီးပါပြီ။
ဒီသေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံသား
တယောက်လည်း ပါဝင်ပါတယ်။ ညကလပ်
မီးလောင်တဲ့အထဲမှာ ပါသွားတဲ့ မြန်မာနိုင်ငံ
သားနဲ့ ပတ်သက်တဲ့ အကြောင်းစုံကို
မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

နှစ်သစ်ကူးညတုန်းက ဘန်ကောက်မြို့မှာရှိတဲ့ ဆန်တိက (Santika) ညကလပ်
မီးလောင်မှုကြောင့် သေဆုံးသွားတယ်လို့ သိရသူကတော့ အသက် ၂၇ နှစ်အရွယ်
ကိုဝင်းကျော်ဖြိုး ဖြစ်ပါတယ်။ သူက ပြင်သစ်လေကြောင်းလိုင်း မြန်မာရုံးခွဲမှာ တာဝန်
ထမ်းတဲ့ ဦးအေးကျော်နဲ့ ဒေါ်နှင်းနှင်းအေးတို့ရဲ့သား ဖြစ်ပါတယ်။ သူ ဘယ်လိုကွယ်လွန်
သွားတယ်ဆိုတာ အခုအချိန်မှာ အတိအကျ မသိရသေးပေမယ့် သူကွယ်လွန်သွားခဲ့
တယ်ဆိုတာကိုတော့ သူ့ရဲ့သူငယ်ချင်းတယောက်က အခုလို အတည်ပြုပြောပါတယ်။

“သမီးတို့က မနေ့က မနက်ကမှ Confirm လုပ်တာ။ သူတို့ကလည်း နှစ်ရက်လောက်မှာ
ပျောက်နေတယ်လို့ပဲ လုပ်ထားတာ။ နောက် ဒီအန်န်အေစစ်လိုက်တော့မှ Match
ဖြစ်နေတာ။ သူက ယိုးဒယားမှာနေတာ တော်တော်တော့ ကြာနေပြီ။ ဒါပေမယ့် သူနဲ့
သိတဲ့လူတွေက အများကြီးပဲ။ အကုန်လုံးက သူ့ကို ဝိုင်းပြီး Sorry ပဲဆိုပြီး comment
တွေရေးထားကြတာ မနည်းဘူး။ ငယ်ငယ်လေးကတည်းက သူက အဆင့် တစ်၊ နှစ်၊
သုံးအတွင်း အမြဲဝင်တယ်။ စာလည်းအရမ်းတော်တယ်။ ယိုးဒယားက ကျောင်းမှာ
တောင် ဆရာပြန်လုပ်တယ်ပြောတယ်။ အဲဒါ သမီးနဲ့သူ နောက်ဆုံး ယိုးဒယားမှာ
တွေ့တော့ သမီးကို သူပြောပြတာ။

“ငယ်ငယ်လေးနဲ့ဆုံးတော့ အရမ်းနှမြောဖို့ကောင်းတယ်။ သူက လူတိုင်းနဲ့လည်း
အရမ်းတည့်၊ အရမ်းခင်တယ်။ မိန်းကလေးတွေဆိုလည်း ဦးစားပေးတယ်။ အဲဒါကြောင့်
သူဆုံးတော့ စိတ်မကောင်းဖြစ်တဲ့လူ အရမ်းများတာပေါ့။”

ဝကဖလို့ သူငယ်ချင်းတွေခေါ်ကြတဲ့ ကိုဝင်းကျော်ဖြိုးအကြောင်းကို သူ့ရဲ့ သူငယ်ချင်း
တယောက်က ပြောပြသွားတာပါ။

ကိုဝင်းကျော်ဖြိုးရဲ့ မိဘနှစ်ပါးကတော့ သူ့ရဲ့ရုပ်အလောင်းကို ဘယ်သူဘယ်ဝါဖြစ်တယ်
ဆိုတာ အတည်ပြုပေးဖို့အတွက် ဘန်ကောက်မြို့ကို လိုက်သွားတယ်လို့ သိရပါတယ်။
ကိုဝင်းကျော်ဖြိုးဟာ ဘန်ကောက်မြို့က အေးဘက် (ABAC) တက္ကသိုလ် ကျောင်းသား
ဟောင်းတယောက်ဖြစ်ပြီး ဘန်ကောက်မြို့မှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG