သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အကြီးဆုံး အမေရိကန်သံရုံးသစ် အီရတ်မှာဖွင့်လှစ်


အမေရိကန်ပြည်ထောင်စုက အီရတ်နိုင်ငံမှာ ဒီနေ့ သံရုံးအသစ်ကို စတင်ဖွင့်လှစ်လိုက်
ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန်သံရုံးတွေထဲမှာ အကြီးဆုံးသံရုံး ဖြစ်ပါတယ်။

ဘဂ္ဂဒက်ကို လုံခြုံရေးအားဖြည့်ထားတဲ့ Green Zone လို့ခေါ်တဲ့ အစိမ်းရောင်နယ်မြေမှာ
ရှိတဲ့ မိုင် ၁၀၀ အကျယ်အဝန်းရှိတဲ့ သံရုံးဝင်းသစ်ဖွင့်ပွဲကို တနင်္လာနေ့မှာ ကျင်းပခဲ့ပါ
တယ်။

အီရတ်သမ္မတ ဂျလား တာလာဘာနီ (Jalal
Talabani) နဲ့ အမေရိကန် ဒုတိယနိုင်ငံခြား
ရေးဝန်ကြီး ဂျွန် နီဂရိုပွန်တေး (John
Negroponte) တို့ တက်ရောက်ခဲ့ကြပါ
တယ်။ သံရုံးရှေ့ပန်းခြံမှာ အမေရိကန်
နိုင်ငံတော်အလံကို အမေရိကန် မရိမ်း
တပ်သားတွေက လွှင့်ထူနေကြစဉ် အမေ
ရိကန် နိုင်ငံတော်သီချင်းကိုလည်း တီးမှုတ်
ခဲ့ကြပါတယ်။

ဝန်ထမ်း ၁,၀၀၀ ကျော်နေထိုင်နိုင်မယ့်
သံရုံးသစ် ဆောက်လုပ်ရာနေရာမှာ
ကုန်ကျစရိတ် ဒေါ်လာ သန်း ၆၀၀ ကျော်ရှိပါတယ်။ အဲဒီသံရုံးသစ်မှာ ကိုယ်ပိုင်ရေ၊
လျှပ်စစ်မီးစက်နဲ့ မိလ္လာစနစ်တို့ ရှိပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က ဘဂ္ဂဒက်ရဲ့ အစိမ်းရောင်နယ်မြေ ထိန်းချုပ်ရေးကို
အမေရိကန်က အီရတ်စစ်တပ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၁
ခုနှစ်မှာ အမေရိကန်စစ်သားတွေကို အီရတ်က ရုပ်သိမ်းပေးရေး လုံခြုံရေးသဘော
တူညီချက် ပထမခြေလှမ်းအဖြစ် လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG