သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ပထမကိုးလအတွင်း မြန်မာ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ဆနီးပါးတိုး


၂၀၀၈ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံ
မှု နှစ်ဆနီးပါး တက်ခဲ့တယ်လို့ စစ်အစိုးရက အသစ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ
ဖော်ပြထားပါတယ်။ အဲဒီမှာ မိုင်းနဲ့ တွင်းထွက်ပစ္စည်း ရှာဖွေတူးဖော်ရေး လုပ်ငန်းတွေ
မှာ ရင်းနှီးမြှုပ်နှံမှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၈၈% ပါဝင်တယ်လို့ အမျိုးသားစီမံကိန်း
နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား
ပါတယ်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအကြား ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ
အားဖြင့် အမေရိကန်ဒေါ်လာ ၅၀၃ သန်း ရှိခဲ့ရာက ၂၀၀၈ ခုနှစ် ဇန်နဝါရီလနဲ့ စက်တင်
ဘာလအကြားမှာတော့ အမေရိကန်ဒေါ်လာ ၉၇၅ သန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရေနံနဲ့ တွင်းထွက်ပစ္စည်း ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း
အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရှိခဲ့ရာက တရုတ်နိုင်ငံက အဲဒီအထဲမှာ ၈၅၅ သန်း
ရင်းနှီးမြှုပ်နှံခဲ့ပြီး ရုရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး
လုပ်ငန်းတွေမှာ ကျန်ငွေပမာဏတွေကို ရင်းနှီးမြှုပ်နှံခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူထားတဲ့ ကြားကပဲ
အခုလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ၆ လ
အကြာ စစ်အစိုးရက ရန်ကုန်တိုင်းကနေ ဆန်တွေ ပြည်ပကို လွတ်လွတ်လပ်လပ်
တင်ပို့ရောင်းချခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာ တခြားဒေသတွေက
ပိုလျှံနေတဲ့ ဆန်တွေကိုလည်း ပြည်ပပို့ခွင့်ပြုမယ်လို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး
ဌာနကပြောကြောင်း ဝိကလီး အလဲဗင်း (Weekly Eleven) ဂျာနယ်မှာ ကိုးကားဖော်ပြ
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG