သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာလူထုအတွက် လူသားစာနာမှု အထောက်အကူတွေ ပေးနိုင်ဖို့ အစ္စရေး သဘောတူ


အစ္စရေးအစိုးရက ဂါဇာကမ်းမြှောင်ဒေသမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်း
စာနာထောက်ထားတဲ့ လူမှုကယ်ဆယ်ရေး အထောက်အကူပစ္စည်းတွေ ထားရှိဖြန့်ဝေဖို့
အတွက် နေရာတခုသတ်မှတ်ပြီး ဖွင့်ပေးမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် အီဟွတ်ဒ် အိုလ်မာ့တ် (Ehud
Olmert) က ဗုဒ္ဓဟူးနေ့မနက် စောစောပိုင်းမှာ
ကြေညာခဲ့တာဖြစ်ပြီး အဲဒီသတ်မှတ်ထားတဲ့ နေရာ
တွေကနေ လူမှုကယ်ဆယ်ရေး ထောက်ပံ့ရေး
ပစ္စည်းတွေကို ရံဖန်ရံခါ ပို့ဆောင်ခွင့်ပေးဖို့ ဖွင့်ပေး
မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်း (Mr. Ban Ki-moon) က ဂါဇာဒေသ
မှာရှိတဲ့ ကုလသမဂ္ဂဖွင့်တဲ့ ကျောင်း ၃ ကျောင်းကို
အစ္စရေးတို့က ၃ ကြိမ်တိုင် တိုက်ခိုက်ခဲ့တာကြောင့်
အင်မတန်စိတ်ပျက်ရတယ်လို့ ပြောခဲ့ပြီးနောက်
အစ္စရေးဝန်ကြီးချုပ် အိုလ်မာ့တ်က အခုလိုကြေညာ
ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျောင်း ၃ ကျောင်းထဲက ဒုတိယတကျောင်းထဲမှာတင် လူ ၃၀
သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးတို့က ဒီကျောင်းဝင်းတွေကနေ ဟားမတ်စ်တို့က မော်တာ အမြောက်တွေနဲ့
ပစ်ခတ်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ဟားမတ်စ်တပ်တွေဟာ ကျောင်းတွေ၊ ဗလီတွေနဲ့ တခြား အရပ်သားအဆောက်အအုံ
တွေကို အခြေပြု တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း အစ္စရေးတို့က စွပ်စွဲနေကြပါ
တယ်။

ကုလသမဂ္ဂ အရာရှိတဦးဖြစ်တဲ့ မစ္စတာ ဂျွန်ဂျင်း (John Ging) က ကုလသမဂ္ဂ ကျောင်း
အဆောက်အအုံတွေမှာ ကုလသမဂ္ဂအလံတွေ ထီးထီးကြီး မြင်နေရတာဖြစ်တယ်၊
ဒီကျောင်းတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အစ္စရေးအစိုးရအနေနဲ့ နိုင်ငံ
တကာဥပဒေနဲ့အညီ တာဝန်ယူဖြေရှင်းဖို့ တကမ္ဘာလုံးက တောင်းဆိုနေကြတယ်လို့
လည်း ဆိုပါတယ်။

ပါလက်စတိုင်းဘက်က သူတို့အရပ်သားတွေဟာ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုကနေ
ရှောင်ကွင်းနိုင်ဖို့အတွက် ခိုနားစရာနေရာတွေကို ရှာနေကြတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG