သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ဆိုင်ရာ အငြင်းပွားမှု ဥရောပတဝန်း ပျံ့နှံ့


သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှုနဲ့ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ကြား အငြင်းပွားမှု
ကြောင့် ဥရောပ ၇ နိုင်ငံဆီ ဓာတ်ငွေ့ဖြန့်ဖြူးမှုတွေ ရပ်သွားခဲ့ပြီး နိုင်ငံတော်တော်
များများဆီ ပေးဝေမှုမှာလည်း သိသိသာသာ ကျဆင်းခဲ့တာနဲ့အတူ ဒီပြဿနာအပေါ်
ဥရောပတာဝန်ရှိသူတွေက သတိပေးခဲ့ကြပါတယ်။

သဘာဝဓာတ်ငွေ့အတွက် ဈေးမြှင့်ထားတယ်၊ ငွေပေးချေဖို့ နောက်ကျတယ် စသဖြင့်
ရုရှားနဲ့ ယူကရိန်းအစိုးရတို့ကြား အငြင်းပွားခဲ့ပြီးတဲ့နောက် ခရိုအေးရှား၊ ဟန်ဂေရီ၊
တူရကီနဲ့ ဘော့စနီးယား ဟာဇီဂိုးဗီးနားနိုင်ငံတွေက အင်္ဂါနေ့မှာ ရုရှားဆီက ဓာတ်ငွေ့
တင်သွင်းမှု ရပ်သွားတယ်လို့ ပြောကြပါတယ်။ ဘူလ်ဂေးရီးယား၊ ဂရိ၊ မက်ဆီဒိုးနီးယား
နဲ့ ဆားဘီးယားနိုင်ငံတွေကလည်း ရုရှားကဓာတ်ငွေ့တွေ မရတော့ဘူးလို့ ပြောကြပါ
တယ်။ ပြင်သစ်နဲ့ အီတလီတို့ကတော့ ရုရှားဆီကတင်ပို့တဲ့ဓာတ်ငွေ့ ၇၀% နည်းသွား
တယ်လို့ ပြောကြပါတယ်။

ပြဿနာ အဖြေရှာနိုင်ဖို့အတွက် ရုရှားအစိုးရပိုင် ဂက်ဇ်ပရွမ် (Gazprom) ဓာတ်ငွေ့
ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ ယူကရိန်း ဓာတ်ငွေ့
လုပ်ငန်း နပ်ဖ်တိုဟပ်ဇ် (Naftohaz) ရဲ့ အကြီးအကဲက ပြောပါတယ်။ ကြာသပတေးနေ့
အထိ ယူကရိန်းဘက်က စောင့်တာကို အံ့သြတယ်လို့ ဂက်ဇ်ပရွမ် ပြောခွင့်ရသူက
ပြောဆိုပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့ဆီ ရုရှားက ဓာတ်ငွေ့ဖြန့်ဖြူးမှု
ရပ်ခဲ့တဲ့အပေါ် လုံးဝလက်မခံနိုင်ဘူးလို့ အီးယူ ဥရောပသမဂ္ဂက ပြောဆိုပြီး အမြန်ဆုံး
ပြန်ပြီး ဓာတ်ငွေ့ဖြန့်ဖြူးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG