သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတိုက်ခိုက်မှု အစ္စရေးဖက်က တနေ့ သုံးနာရီ ရပ်နားမည်


ပါလက်စတိုင်း နယ်မြေအတွင်း လူသားချင်းစာနာမှု အထောက်အကူများ ဝင်နိုင်ရေး ဂါဇာက ဟားမတ်စ် တိုက်ခိုက်ရေးများကို ပစ်ခတ်နေတာ တနေ့ကို ၃နာရီ ရပ်ထားမယ်လို့ အစ္စရေး စစ်ဖက်က ဆိုပါတယ်။ ဂါဇာဒေသတွင်းသို့ လူသားချင်းစာနာမှု အထောက်အကူများ ဝင်ခွင့်ပေးမယ်လို့ ဆုံးဖြတ်ထားတာကြောင့် ဒီနေ့ တိုက်ခိုက်မှု ရပ်ထားမယ့် အကြောင်း ကြေညာတာဖြစ်ပါတယ်။ ဂါဇာမှာ စားနပ်ရိက္ခာ သောက်ရေနဲ့ ဆေးဝါး ပြတ်လပ်နေလို့ အကြီးအကျယ် စိုးရမ်နေကြပါတယ်။ အစ္စရေးရဲ့ ၁၂ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း အရပ်သား အသေအပျောက်များလွန်းလို့ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုကို အစ္စရေး အကြီးအကျယ်ခံနေရပါတယ်။

ပါလက်စတိုင်း ၆၇၀သေဆုံး သွားတဲ့အထဲ လေးပုံတပုံဟာ ကလေးများနဲ့ အမျိုးသမီးများ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂခန့်မှန်းထားပါတယ်။ ဒဏ်ရာရသူများလည်း ၂၅၀၀ ကျော်နေပါပြီ။ မနေ့က ဂါဇာမှာ ကုလသမဂ္ဂက ဖွင့်ပေးထားတဲ့ စာသင်ကျောင်းထဲ ဒုက္ခသည်တွေ ခိုလှုံနေကြစဉ် အစ္စရေးတို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀ သေဆုံးသွားတယ်လို့ အစ္စရေး စစ်ဖက်က ကြေညာပြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂ အဆောက်အဦကို ပစ်ခတ်တာ လက်မခံနိုင်ဘူး၊ စုံစမ်းစစ်ဆေးပါလို့ တောင်းဆိုလိုက်ပါတယ်။ ဟားမတ်စ်တွေက ဗလီဝတ်ကျောင်းတွေ၊ စာသင်ကျောင်းတွေလို နေရာတွေမှာ ပုန်းအောင်းနေကြတယ်လို့ အစ္စရေးက တုန့်ပြန်ပါတယ်။ ဂါဇာက စစ်ဆင်ရေး မြို့ပြအထိ တိုးချဲ့မချဲ့ အစ္စရေး အစိုးရ လုံခြုံရေး ဆိုင်ရာ ဝန်ကြီးအဖွဲ့က စဉ်းစားဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG