သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် တောင်းဆိုချက်ကို အန်တု၊ အစ္စရေးလ်နဲ့ ဟားမတ်စ် ဆက်တိုက်နေကြ


နိုင်ငံတကာက တောင်းဆိုနေတဲ့ အပစ်အခတ် ရပ်စဲရေးကို အစ္စရေးလ်နဲ့ ဟားမတ်စ် လက်နက်ကိုင် တို့က ပယ်ချလိုက်ပြီးတော့ ဂါဇာ ကမ်းမြှောင်ကို အစ္စရေး က ဝေဟင်၊ ရေပြင်၊ မြေပြင်တို့ကနေ ဆက်ပြီးတော့ အဆက်မပြတ် တိုက်ခိုက်နေပါတယ်။ ဟားမတ်စ်တွေကလည်း အစ္စရေးလ်ဘက်ကို ရော့ကက်တွေနဲ့ ဆက်ပြီး ပစ်ခတ်နေပါတယ်။ အစ္စရေးလ်က စစ်ရေး အရှိန်ကို ပိုမို မြှင့်တင်မယ် ဆိုပြီး အရပ်သားတွေ ရှောင်တိမ်းနေကြဖို့ သတိပေး စာတွေကို ဂါဇာမှာ စစ်လေယာဉ်တွေနဲ့ ကြဲချခဲ့ပြီး ဟားမတ်စ်တွေကို ဗျူဟာသစ်တွေနဲ့ တိုက်ခိုက်သွားဖို့ အလားအလာ သစ်တွေ ရှိနေပါတယ်။

မနေ့က နယ်စပ်ကို ဖြတ်ပြီးမှ ဟားမတ်စ်တွေက ရော့ကက် အလုံး ၃၀ကျော် ပစ်ခတ်ခဲ့ပြီးတော့ အက်စကလွန်မြို့မှာ အစ္စရေးလ် ၂ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အစ္စရေးလ် လေယာဉ်တွေက ဟားမတ်စ်တွေကို အကြိမ် ၄၀ ကျော် မနေ့က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အနဲဆုံး ဟားမတ်စ် ၁၅ ယောက် သေဆုံးသွားခဲ့ပါတယ်။ အစ္စရေးလ် တင့်ကား ၁စီး ရဲ့ တိုက်ခိုက်မှုကြောင့် ဂျလဗာရာ ဒုက္ခသည်စခန်းထဲက အနဲဆုံး လူ ၈ ယောက်သေဆုံးခဲ့တယ်ဆိုတဲ့ ပါလက်စတိုင်းတွေ ရဲ့ စွပ်စွဲချက်ကို အစ္စရေးက ပယ်ချလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG