သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရ နဲ့ သတင်းလွတ်လပ်ခွင့်


ပြည်သူလူထု နဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေအတွက် နားမျက်စီ ဖြစ်တယ်လို့ ဆိုကြတဲ့ သတင်းမီဒီယာတွေကို မြန်မာနိုင်ငံမှာ စစ်အစိုးရကတော့ နည်းမျိုးစုံနဲ့ ဆင်ဆာဖြတ် ပိတ်ဆို့ချုပ်ခြယ်ခြင်း လုပ်ကိုင်နေလျှက်ရှိနေပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းကြီးတွေရဲ့  အစီရင်ခံစာတွေမှာ မြန်မာနိုင်ငံကို သတင်းပိတ်ပင်မှု အဆိုးဝါးဆုံးနိုင်ငံတနိုင်ငံအဖြစ် ထိပ်တန်းစာရင်းမှာ သတ်မှတ်ထားပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ပြည်တွင်းသတင်းတွေမက ပြည်ပက နိုင်ငံတကာသတင်းတွေနဲ့ ပတ်သက်ရင်လည်း သတင်းတွေကို ပိတ်ပင်ထားမှု၊ သူတို့အကျိုးအတွက်သာ ဖြစ်စေမယ့် သတင်းတွေကိုသာ တဖက်သတ် စီစစ်ထုတ်ပြန်မှုတွေသာ ရှိနေပါတယ်။ ဥပမာအားဖြင့် မကြာသေးခင်က နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ လူထုအုံ့ကြွမှု နဲ့ အစိုးရအဖွဲ့ ပြုတ်ကျသွားစေခဲ့တဲ့ လူထုဆန္ဒပြဆိုမှုတွေကို မြန်မာစစ်အစိုးရပိုင် သတင်းမီဒီယာများဖြစ်တဲ့ သတင်းစာ၊ တီဗွီသတင်း နဲ့ ပုဂ္ဂလိကပိုင် သတင်းဂျာနယ်များမှာလည်း လုံးစေ့ပတ်စေ့ ဖော်ပြရေးသားဖော်ပြခြင်းများ မရှိခဲ့ပါ။

ဒီလို စစ်အစိုးရရဲ့  မတရားပိတ်ပင်လုပ်ဆောင် ချုပ်ချယ်မှု၊ သတင်းလွတ်လပ်ခွင့်မရှိမှု၊ ဘာကြောင့် စစ်အစိုးရ သတင်းပိတ်ဆို့လုပ်ဆောင်နေတာလဲ စတဲ့ သတင်းလွတ်လပ်ခွင့်၊ စစ်အစိုးရ သဘောထား၊ လုပ်ဆောင်ချက်များကို ပိုမိုသိရှိနိုင်ဖို့ ပြည်ပရောက် မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG