သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ နှစ်နိုင်ငံခေါင်းဆောင်များရဲ့ မြန်မာ့အရေးပြောဆိုမှု


မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူတဲ့ မူဝါဒတွေချမှတ်ထားတဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီးသုံးသတ်သင့်တယ်လို့ အရှေ့တီမော သမတ Jose Ramos Horta က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ခိုင်မာတိကျတဲ့ လုပ်ငန်းစဉ်တွေ နဲ့ စီပွားရေးပြန်လည် ထူ ထောင်မှု အစီအစဉ်တွေကိုလည်း တပြိုင်တည်း ပြင်ဆင်ဆောင်ရွက်သင့်တယ်လို့ ထိုင်းနိုင်ငံ သတင်းထောက်များ ကလပ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရှေ့တီမောနိုင်ငံအနေနဲ့ ဆက်ပြီး ထောက်ခံနေတယ်ဆိုတာကို ကျနော်ထက်လောင်းပြောပါရစေ။ ဝါရှင်တန်မှာ ရော ဥရောပမှာရော မိတ်ဆွေတွေကို အကြိမ်ပေါင်းများစွာပြောဘူးပါတယ်။ ဒါကတော့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူဒဏ်ခတ်တာဟာ နိုင်ငံရေးအရ ကျင့်ဝတ်ပိုင်းအရ မှန်ကန်တယ်လို့ ကျနော် လက်မခံ သဘောမတူဘူးဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံခြား ခရီးသွားလာရေးလုပ်ငန်းတွေ ပြန်ပွင့်လာဘို့။ နိုင်ငံခြား ရင်း နှီးမြှုပ်နှံ့မှုတွေ လုပ်ဘို့ တခြားနိုင်ငံတွေနဲ့ကျောင်းသားတွေ အပြန်အလှန် ဖိတ်ကြားခေါ်ယူတာမျိုး။ ပညာရပ် ဆိုင်ရာ ကျွမ်း ကျင် သူတွေ အပြန်အလှန်ဖိတ်ကြားခေါ်ယူတာမျိုးတွေ အတွက် ဘယ်လို ဆောင်ရွက်လုပ်ကိုင်သင့်တယ်ဆိုတာကို အမေရိ ကန်ပြည်ထောင်စု။ ဥရောပ သမဂ္ဂ နိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေအနေနဲ့ ပြန်ပြီး သုံးသပ်စဉ်းစားသင့်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာရှက တခြားခေါင်းဆောင်တွေထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ရှိတဲ့ မစ္စတာ ရာမို့စ် က တကယ့်ကိုခိုင်မာကောင်းမွန်တဲ့ စီးပွားရေး ပြန်လည်ထူထောင်မှု အစီအစဉ်ဗျူဟာတွေမရှိပဲနဲ့တော့ မြန်မာ နိုင်ငံဟာ နိုင်ငံရေးအရ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ တည်ငြိမ်မှုလုပ်ငန်းတွေ အဆင်ပြေချောမွေ့မှာ မဟုတ် ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါပဲ အရပ်သားအစိုးရ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့လဲဆိုပါတယ်။ ဒီလိုပြောဆိုမှုတွေအပြီးရက်ပိုင်းအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝပ်ချာချီဝါ့ (Abhisit Vejjajiva) ကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ရည်မှန်းချက်တွေက မတူညီပါဘူး။ဒါပေမဲ့ ကျနော်တို့အားလုံးမြင်ချင် တာ က မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်လာဘို့ပါ။ ယဉ်ကျေးမှုကွဲပြားတာနဲ့ တိုင်းပြည်အကွာအဝေးမတူတာ တွေကြောင့် ဆောင်ရွက်ချက်တွေမှာ ကွဲလွဲချင်တွေရှိနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဝေးကွာတဲ့ တိုင်းပြည်တွေက နည်းလမ်းတခုဖြစ်ပြီး။ အိမ်နီးခြင်း နိုင်ငံတွေကတော့ အခြားနည်းလမ်း တခုဖြစ်နိုင်ပါတယ်လို့ ထိုင်းဝန်ကြီးချုပ်ဖြစ်လာပြီး မြန်မာနိုင်ငံနဲ့ ပတ် သက်လို့ ပထမဆုံးအကြိမ် မှတ်ချက်စကားပြောဆိုခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG