သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး ရာထူးအတွက် လွှတ်တော်ရှေ့မှောက် ထွက်ဆို


သမ္မတကတော်ဟောင်းလည်းဖြစ်၊
နယူးယောက်ခ်ပြည်နယ် ကိုယ်စားပြု အထက်
လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဟီလာရီ
ကလင်တန် (Hillary Clinton) ဟာ အထက်
လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ
ရှေ့မှောက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြု
ခံထားရမှုအတွက် မနေ့က စစ်ဆေးမေးမြန်းမှုကို
ခံယူနေပါတယ်။

သူမကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုထား
တာကို လွှတ်တော်က အတည်ပြုခဲ့ရင်
အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး
အောင်မြင်မှု ပြန်လည်ရှင်သန်ရေးမှာ သူမဟာ
ထက်မြက်တဲ့အင်အားတခု ဖြစ်လာလိမ့်မယ်လို့
ဟီလာရီ ကလင်တန်က ပြောဆိုသွားပါတယ်။ အဲဒီအင်အားနဲ့ လုံခြုံပြီး ငြိမ်းချမ်းတဲ့
အရှေ့အလယ်ပိုင်းဒေသအဖြစ် မြှင့်တင်ပေးနိုင်လိမ့်မယ်၊ အစ္စရေးလ်ရဲ့ လုံခြုံရေး
လိုအပ်ချက်နဲ့ ပါလက်စတိုင်းရဲ့ နိုင်ငံရေး၊ စီးပွားရေး မြင့်မားမှုတွေကို ဖြည့်ဆည်းပေး
နိုင်လိမ့်မယ်လို့လည်း အထက်လွှတ်တော်အမတ် ကလင်တန်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်ပွဲနှစ်ပွဲ၊
အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု၊ လူတွေကို အစုလိုက်အပြုံလိုက် သေစေနိုင်
တဲ့ လက်နက်တွေ ပျံ့နှံ့နေမှု စတဲ့ ကြီးမားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေကြရတယ်
လို့လည်း အမတ် ကလင်တန်က ပြောပါတယ်။

ကမ္ဘာမှာ အီရန်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး လေးလေးနက်နက် စိုးရိမ်မှုနဲ့
စောင့်ကြည့်မှုကို သူမ ပါဝင်တဲ့ လာမယ့် အမေရိကန်အစိုးရအဖွဲ့သစ်က ကျင့်သုံးသွား
မယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးလောင်း ဟီလာရီ ကလင်တန်က ပြောဆိုသွားပါ
တယ်။

မြောက်ကိုရီးယား နျူကလီးယားအရေး ပြောကြားရာမှာတော့ လက်ရှိ တည်ဆဲ ၆ နိုင်ငံ
ဆွေးနွေးပွဲဟာ မြောက်ကိုရီးယားရဲ့ အမူအကျင့်တွေ ပြောင်းလဲစေရေး ပိုမိုဖြစ်နိုင်ဖွယ်
ရှိတဲ့ ဖိအားပေးမယ့် အမေရိကန်ပြည်ထောင်စုရဲ့ မောင်းနှင်အားဖြစ်တယ်လို့ အထက်
လွှတ်တော်အမတ် ကလင်တန်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG