သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားအမြန်ရထား ဝါရှင်တန်ကိုရောက်


အမေရိကန်ရွေးကောက်ခံသမ္မတ ဘရက် အိုဘားမား က သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား အတွက် ဖီလာဒဲဖီးယား (Philadelphia) မြို့ကနေ ဒေသစံတော်ချိန် စနေနေ့ မနက်ခင်းက စတင်ထွက်ခွာခဲ့ရာ ညနေ ၆ နာရီခွဲလောက်မှာ ဝါရှင်တန်ဒီစီမြို့ တော်ကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ရထားလမ်းခရီးမှာ အမေရိကန်ပြည်သူတွေကို တိုင်းပြည်ရဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းရာမှာ စည်းလုံးညီညွှတ်မှု ရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မစ္စတာ အိုဘားမားဟာ ဖီလာဒဲဖီးယား (Philadelphia)၊ ဝယ်လ်မင်တန် (Wilmington) နဲ့ ဘော်လ်တီမိုး (Baltimore) မြို့တွေမှာ ခရီးတထောက်နားပြီး သူ့ကို စောင့်ကြည့်အားပေးနေတဲ့ လူထုကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မစ္စတာ အိုဘားမား က အမေရိကန်နိုင်ငံဟာ ခက်ခဲနက်နဲတဲ့ ပြဿနာကြီးတွေကို ရင်ဆိုင်နေရကြောင်း၊ ဒါပေမယ့် ခုချိန်ဟာ အမေရိကန်ပြည်သူတွေအတွက် တိုင်းပြည်ပြန်လည် တိုးတက်ဖို့ အတူလက်တွဲ လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

မစ္စတာအိုဘားမား စီးလာတဲ့ ရထားကို အိုဘားမား အမြန်ရထား လို့ အမည်ပေးထားပြီး ဒီလို သမ္မတ က ကျမ်းသစ္စာ ကျိန်ဆိုပွဲ အတွက် ဝါရှင်တန်ကို ရထားစီးလာတာဟာ ၁၈၆၁ တုန်းက သမ္မတဟောင်း အေဘရာဟမ်လင်ကွန်း (Abraham Lincoln) ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ဝါရှင်တန်ကို ရထားစီးလာတဲ့ဖြစ်ရပ်ကို ပြန်ထင်ဟတ်စေတာ ဖြစ်ပါတယ်။

မစ္စတာအိုဘားမားရဲ့ ရထားခရီးစဉ်တလျှောက်မှာ ကြီးမားလှတဲ့ လူအုပ်ကြီးက ရေခဲမှတ်အောက်ရောက်နေတဲ့ အအေးဒဏ်ကို မငဲ့ဘဲ သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG