သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဆုတ်ခွာချိန်အတွက် ပါလက်စတိုင်း အပစ်ရပ်စဲ


တပတ်ကြာ အပစ်အခတ် ရပ်စဲရေး ကို ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့က ကျေညာပြီး သတ်မှတ်ရက် ပေးလိုက်တယ်လို့ ပါလက်စတိုင်း ပြောရေးဆိုခွင့် ရှိသူ က ပြောကြားပါတယ်။ အစ္စရေး က တဖက်သတ် အပစ်အခတ် ရပ်စဲရေး ကို ဒီကနေ့ မနက်ခင်းကြီး ၂ နာရီ မှာ ကျေညာခဲ့ပါတယ်။ ဒါပေမယ့် နာရီအတော်ကြာတဲ့အခါ ပါလက်စတိုင်း စစ်သွေးကြွတွေ က အစ္စရေး ကို အနည်းဆုံး ရောကတ် ၁၂ စင်း ပစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အစ္စရေး တောင်ပိုင်း က ဆဒါးရော့ မြို့ ကို ပစ်ခတ်ခဲ့တဲ့ ဟားမားအဖွဲ့ ကို စစ်လေယာဉ်ပျံတွေ က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေး တပ်သားတွေ က ခန်ယူးနစ် မြို့ က အရပ်သားတစ်ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ လုပ်သားတွေ က ပြောပါတယ်။ အဲဒီမြို့ ဟာ ဟားမားအဖွဲ့တွေ က ရောကတ်လောင်ချာတွေ ပစ်ခဲ့ရာနေရာ နဲ့ မဝေး လှပါဘူး။

ဂါဇာ မှာ အပစ်အခတ်ရပ်စဲရေး ကို အစ္စရေး က ပေးထားတာ ဟာ အခြေအနေအပေါ်မှာ တည်ပါတယ် လို့ အစ္စရေး ဝန်ကြီး ချုပ် က ပြောပါတယ်။ ဟားမား အဖွဲ့ က အသစ်တဖန် တိုက်ခိုက်လာဦးမယ် ဆိုရင် အစ္စရေး က တုံ့ပြန်ဖို့ လက်နှေးနေလိမ့်မယ် မဟုတ်ဘူး လို့ သူ က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG