သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတသစ် အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ ယနေ့ကျင်းပမည်


ဒီနေ့ကျင်းပမယ့် အမေရိကန်သမ္မတသစ်
အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက်
ဝါရှင်တန်မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်
နိုင်ငံသူ နိုင်ငံသားတွေ စိတ်လှုပ်ရှားနေကြပါ
တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်
မြောက် သမ္မတ၊ သမိုင်းမှာ ပထမဆုံး အာဖရိက
နွယ်ဖွား အမေရိကန်လူမျိုး သမ္မတရဲ့ ကျမ်းသစ္စာ
ကျိန်ဆိုပွဲကို မြင်ရဖို့ လူတသန်းနဲ့ နှစ်သန်းကြား
ဝါရှင်တန်မြို့တော်မှာ ရှိနေကြမယ်လို့ ခန့်မှန်းကြ
ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင်
နေကြတာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်း
ထောက် ဂျင်မ် မလုံး (Jim Malone) သတင်းပေးပို့
ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါ
တယ်။

“ဒီနေ့ တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေဟာ လွယ်လွယ်ကူကူ
ဖြေရှင်းလို့ရမယ့် ကိစ္စတွေလို့ ကျနော် ဟန်ဆောင် မပြောချင်ပါဘူး။ တလမက၊ တနှစ်
မက၊ ဒီထက်ပိုပြီး အများကြီး ရှည်ကြာနိုင်ပါတယ်” လို့ တနင်္ဂနွေနေ့က ကျင်းပတဲ့
လင်ကွန်း အမှတ်တရရုပ်တုရှေ့ ဂီတဖျော်ဖြေပွဲမှာ ဘရက်ခ် အိုဘားမား ပြောသွား
တာပါ။

လူထုရဲ့ မျှော်လင့်ချက်တွေ မြင့်မားနေချိန်၊ ဘရက်ခ် အိုဘားမား ဒီနေ့ သမ္မတအဖြစ်
ကျမ်းသစ္စာကျိန်ဆိုပါတော့မယ်။ သူတာဝန်ယူမယ့် ရှေ့ခရီးမှာ စီးပွားရေး၊ နိုင်ငံခြားရေး
စိန်ခေါ်မှုတွေလည်း အဆင်သင့် စောင့်နေပါတယ်။

ဝါရှင်တန်မြို့တော်မှာလည်း သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ၊ ဒီလို သမိုင်းတွင်မယ့်
အဖြစ်အပျက်ကို ကြည့်ခွင့် မြင်ခွင့်ရဖို့ ရာထောင်ချီတဲ့ ရပ်ဝေးကဧည့်သည်တွေ
ရောက်နေကြပါတယ်။ ဝါရှင်တန်ကိုရောက်လာတဲ့ အမျိုးသမီးတယောက်က အခုလို
ပြောပါတယ်။

“ဒီပွဲက သမိုင်းမှာ အမှတ်တရကျန်ရစ်မယ့် အဖြစ်အပျက်ကြီးပါ။ ဒီနေရာကို ဘာကြောင့်
လာသလဲလို့ မေးစရာမလိုပါဘူး။ ဘယ်လို ဒီနေရာကို ရောက်အောင်သွားကြမယ်၊
ဘယ်တော့သွားမလဲ၊ ဒါပါပဲ။”

ဒီလို သမိုင်းတွင်တဲ့ အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်ချင်ပါတယ်လို့ ပြောနေကြတဲ့
အထဲမှာ အိုင်အိုဝါပြည်နယ်က အလယ်တန်းကျောင်းသားတယောက်လည်း ပါပါတယ်။
သူလည်း ဝါရှင်တန်ကို ရောက်နေပါတယ်။

“စိတ်လှုပ်ရှားစရာ တော်တော်ကောင်းပါတယ်။ ဒီအခမ်းအနားကို လာရတာကိုက
တကယ့် အတွေ့အကြုံတခုပါ။ ကိုယ်တိုင်ပါဝင်ချင်လို့ အခုလို လာခဲ့တာပါ။”

ကျမ်းသစ္စာကျိန်ဆိုပွဲ မကျင်းပခင်နေ့မှာ အိုဘားမားက ဝါရှင်တန်မြို့တော်မှာရှိတဲ့
ဝေါ်လ်တာ ရိဒ် (Walter Reed) ဆေးရုံကို သွားရောက်ပါတယ်။ ဆေးရုံမှာ ဆေးကုသ
နေတဲ့၊ ထိခိုက်ဒဏ်ရာရနေတဲ့ အမေရိကန် စစ်သားတွေကို တွေ့ဆုံခဲ့တာပါ။

မနေ့က တနင်္လာနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သူ လူ့အခွင့်အရေး
ရဲဘော်ကြီး မာတင် လူသာ ကင်း (Martin Luther King, Jr.) ကို ဂုဏ်ပြုတဲ့နေ့
ရုံးပိတ်ရက်ဖြစ်ပါတယ်။ သမ္မတသစ်ဖြစ်လာမယ့် အိုဘားမားနဲ့ ဒုတိယသမ္မတ တာဝန်
ယူမယ့် ဂျိုး ဘိုင်ဒန် (Joe Biden) တို့နှစ်ယောက် အများအတွက် အကျိုးပြု
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အခမဲ့ ပါဝင်ကူညီ လုပ်ဆောင်ကြပါသေးတယ်။
ဒီအချိန်မှာ ဝါရှင်တန်မြို့တော်တဝိုက်မှာလည်း ကျန်းသစ္စာကျိန်ဆိုမယ့်အချိန် နီးကပ်
လာနေပြီဆိုတော့ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

ဝါရှင်တန်မြို့တော်ဝန် အာဒရီယန် ဖန်တီ (Adrian Fenty) က NBC ရုပ်မြင်သံကြားဌာန
နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒီမြို့တော်ဟာ အခမ်းအနားတက်ရောက်မယ့် ကြီးမားလှတဲ့
လူအုပ်ကြီးကို လက်ခံကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အိုဘားမား
ကျမ်းသစ္စာကျိန်ဆိုမှာ၊ အဖွင့်မိန့်ခွန်း ပြောမှာတွေကို လူတွေက ကြည့်နိုင်ဖို့ စိတ်အား
ထက်ထက်သန်သန် စောင့်ဆိုင်းနေကြပါတယ်။ မြို့တော်ဝန် အာဒရီယန် ဖန်တီက
အခုလိုပြောပါတယ်။

“ဒီနေ့ဟာ သိပ်ကို ထူးခြားကောင်းမွန်တဲ့ နေ့တနေ့ဖြစ်မှာပါ။ လူတိုင်းကို ဒီမြို့တော်က
လှိုက်လှိုက်လှဲလှဲ စိတ်ရောကိုယ်ပါ ကြိုဆိုပါတယ်။”

ဒီလို လူတွေအများအပြားကို ကြိုဆိုမယ့် တချိန်တည်းမှာ ဝါရှင်တန်မြို့တော်ရဲ့ လုံခြုံရေး
ကိုလည်း အထူးတင်းကျပ်ထားပါတယ်။

အိုဘားမားဟာ စနေနေ့ကတော့ ဖီလာဒဲလ်ဖီးယားကနေ ဝါရှင်တန်မြို့တော်ကို ရထား
စီးပြီး လာခဲ့ပါတယ်။ ၁၈၆၁ ခုနှစ်က သမ္မတဟောင်း အီဘရာဟင်မ် လင်ကွန်း
(Abraham Lincoln) လာခဲ့တဲ့ ခရီးလမ်းအတိုင်း သူ့အနေနဲ့ ထပ်ချပ်မကွာ သင်္ကေတ
ပြုပြီး ရထားစီးလာခဲ့တာပါ။ တနင်္ဂနွေနေ့ကလည်း လင်ကွန်းအမှတ်တရ ရုပ်တုရှေ့မှာ
နာမည်ကြီး အနုပညာရှင်တွေ၊ အဆိုတော်တွေ ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။

တနင်္လာနေ့မှာ ဘရက်ခ် အိုဘားမားက ဒုတိယသမ္မတဖြစ်လာမယ့် ဂျိုး ဘိုင်ဒန်၊
နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) နဲ့ သမ္မတ
ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာရီဇိုးနားပြည်နယ် အထက်လွှတ်တော်
အမတ် ဂျွန် မက်ကိန်း (John McCain) တို့ကို ညစာစားပွဲနဲ့ ဧည့်ခံပါလိမ့်မယ်။

အမေရိကန် စစ်တပ်မိသားစုတွေကို ဂုဏ်ပြုပြီး လူငယ်တွေအတွက် အခမဲ့ တေးဂီတ
ဖျော်ဖြေပွဲတွေလည်း ဝါရှင်တန်မြို့တော်မှာ ကျင်းပနေပါတယ်။

အဂါၤနေ့မနက်စောစော အိုဘားမားဟာ အိမ်ဖြူတော်ကိုသွားပြီး သမ္မတဘုရှ်နဲ့ ကော်ဖီ
သောက်ပါလိမ့်မယ်။ အဲဒီနောက် သမ္မတဘုရှ်နဲ့ အိုဘားမားတို့နှစ်ယောက် လွှတ်တော်
ကိုလာပြီး အိုဘားမား ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်သလို မိန့်ခွန်းပြောကြားပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG