သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ပြင်မျော မြန်မာနှစ်ဦး သြစတြေးလျ ကမ်းခြေစောင့်တပ် ကယ်တင်


သြစတြေးလျ ကမ်းခြေစောင့်တပ်က မြန်မာ
ငါးဖမ်းသင်္ဘောသားနှစ်ယောက်ကို
ကယ်တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ
လှေနစ်ပြီး ၂၅ ရက်ကြာ ပင်လယ်ထဲမှာ
မျောနေတာဖြစ်ပါတယ်။

တောရက်စ် ရေလက်ကြား (Torres Strait)
မှာ သူတို့နှစ်ယောက်ဟာ ရေခဲပုံးကြီးတခု
ကိုတွဲပြီး မျောနေတာကို ကမ်းခြေစောင့်
တပ်တွေက တွေ့ခဲ့တာဖြစ်တယ်လို့
သြစတြေးလျ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။

အဲဒီရေလက်ကြားက သြစတြေးလျနဲ့ ပါပူဝါ နယူးဂီနီကြားမှာ ရှိပါတယ်။ ရဟတ်ယာဉ်
တစင်းနဲ့ သူတို့ကို ဆွဲတင်ခဲ့ပြီး ကြာသပတေးနေ့တုန်းက ဆေးရုံကို တင်ပေးထားခဲ့ပါ
တယ်။

သူတို့နှစ်ယောက် အလုပ်လုပ်ခဲ့ကြတဲ့ ငါးဖမ်းလှေဟာ ခရစ္စမတ်မတိုင်မီ နှစ်ရက်မှာ
ပျက်စီးသွားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ အဲဒီနေရာက သြစတြေးလျ မြောက်ဘက်
ကမ်းခြေကနေ ရေမိုင် ၂၀၀ လောက်အကွာမှာ ရှိပါတယ်။

သူတို့နှစ်ယောက်လုံး အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ကြပြီး ငါးတွေလှောင်ရာမှာ
သုံးတဲ့ ရေခဲပုံးအကြီးကြီးကို တွယ်ဖက်ပြီး အသက်ရှင်ခဲ့ကြရတာပါ။ တခြား ငါးဖမ်း
လုပ်သား ၁၈ ယောက် အသက်ရှင်မရှင်ကိုတော့ သူတို့မသိပါဘူးလို့ ပြောပါတယ်။
အဲဒီလူတွေက ထိုင်းနဲ့ မြန်မာလူမျိုးတွေ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG