သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ် အိုဘားမားကို ကမ္ဘာက ဝိုင်းကြိုဆို


ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာသူ ကမ္ဘာသားတွေက နေ့စဉ်လို ဝါရှင်တန်ဒီစီမြို့တော်
ကို မျှော်ကြည့်နေကြပြီး မနေ့ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဘရက်ခ်
အိုဘားမား ကျမ်းသစ္စာကျိန်ဆိုခဲ့ပါပြီ။ ကမ္ဘာကြီးကို သူနဲ့အတူ ပြောင်းလဲပစ်မယ်လို့
ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ပြောဆိုလိုက်ပြီး သမ္မတ
အိုဘားမားနဲ့ ပြင်သစ်အစိုးရဟာ ဆန္ဒပြင်းပြစွာနဲ့ အတူလက်တွဲ အလုပ်လုပ်ကိုင်သွား
လိုတယ်လို့လည်း ဆိုပါတယ်။

ဗာတီကန်စီးတီးက ပုပ်ရဟန်းမင်းကြီး ဘဲန်နဒစ် (Pope Benedict) ကတော့ သမ္မတ
အိုဘားမားတယောက်ထံမှာ လှေခွက်ချည်းကျန် အလံမလှဲ အင်အားတွေ၊ ဉာဏ်
အမြော်အမြင်တွေ ရှိနေဖို့ ဘုရားသခင်က ပေးသနားပါလို့ ဆုမွန်ကောင်းတောင်း
ထားကြောင်း ပြောဆိုလိုက်ပြီး သန္နိဋ္ဌာန်ခိုင်မာပြီး ကြီးမားကျယ်ပြန့်တဲ့ အမြင်တွေရှိတဲ့
သမ္မတသစ်တယောက်အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်လို့ ဗြိတိသျှ
ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဆိုပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကဲ (Angela Merkel) ကတော့ သမ္မတအိုဘားမား
ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ဟာ အမေရိကန်ပြည်ထောင်စုတင်မက ကမ္ဘာကြီးအတွက်ပါ
အထူးအရေးကြီးတဲ့နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်တပ်မတော် အရာရှိတွေကတော့ တရုတ်-အမေရိကန် စစ်ဖက်ဆက်ဆံရေးတွေ
တိုးမြှင့်ဆောင်ရွက်သွားဖို့နဲ့ ထိုင်ဝမ်ကို အမေရိကန် လက်နက်ရောင်းချတာရပ်ဖို့
တေင်းဆိုလိုက်ပါတယ်။

ဂျပန်အရာရှိတွေကတော့ အမေရိကန်-ဂျပန် ဆက်ဆံရေး အနာဂတ်မှာ ပိုမိုခိုင်မာ
မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG