သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးဖြစ်


နယူးယောက်ပြည်နယ် အထက် လွှတ်တော် အမတ် ဟီလာရီ ကလင်တန်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်အမတ် ၉၄ယောက် ဟီလာရီ ကလင်တန်အား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အတည်ပြုရေး ထောက်ခံမဲ ပေးကြပြီး၊ အထက်လွှတ်တော် အမတ် ၂ဦးက ကန့်ကွက်မဲ ပေးကြပါတယ်။ နိုင်ငံတောင်ပိုင်း တက်ဆက်ပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ်က ဂျွန် ကော်နယ်က အထက် လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ဟာ သူရဲ့ ခင်ပွန်းရဲ့ ကလင်တန် ဖောင်ဒေးရှင်းအတွက် အလှူငွေ ထည့်ဝင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းများ ဖြေကြားပုံကို မကျေနပ်ဘူးလို့ ဆိုပါတယ်။

သမ္မတ ဟောင်း ဘေလ် ကလင်တန် လုပ်နေတဲ့ ကလင်တန် ဖောင်ဒေးရှင်းကို အလှူငွေ ထည့်ဝင်ကြသူတွေကို ဟီလာရီအနေနဲ့ တိုးပြီးတော့ ကြည့်ရှုသင့်တယ်။ အဲဒီ အလှူရှင်တွေဘက်က အမေရိကန် အစိုးရရဲ့ ဝါဒ တိမ်းညွန့်မသွားရေး တားဆီးရလိမ့်မယ်လို့ တက်ဆက် အထက်လွှတ်တော် အမတ် ကော်နယ်က ထောက်ပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG