သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိပ်သင့်နို့မှုန့်ကိစ္စ တာဝန်ရှိသူတွေကို သေဒဏ်ပေး


တရုတ်နိုင်ငံမှုာ အန္တရာယ်ဖြစ်စေတဲ့ နို့မှုန့်တွေကို ထုတ်လုပ်ရောင်းချခဲ့မှုနဲ့ လူနှစ်ဦးကို
သေဒဏ်၊ တခြားသုံးဦးကို တသက်တကျွန်းပြစ်ဒဏ်တွေ ဒီကနေ့ တရုတ်တရားရုံးတခု
က ချမှတ်လိုက်ပါတယ်။ အဲဒီနို့မှုန့်တွေကိုစားသုံးမိလို့ ကလေးငယ်ခြောက်ဦး သေဆုံးခဲ့
ရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကလေးပေါင်း ၃၀၀,၀၀၀ နာဖျားမကျန်းဖြစ်ခဲ့ရတဲ့ အန္တရာယ်ရှိတဲ့နို့မှုန့်
ကိစ္စနဲ့ဆက်စပ်ပြီး ပြစ်ဒဏ်ပေးတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မြောက်ပိုင်း ဟီဘိုင်ပြည်နယ် တရားရုံးတခုက သေဒဏ်ပေးခဲ့သူနှစ်ဦးဟာ မယ်လမင်း
ဓာတုပစ္စည်းတွေကို ထုတ်လုပ်တာ၊ နို့မှုန့်ထဲရောထည့်ခဲ့တာတွေအတွက် အပြစ်ရှိ
တယ်ဆိုပြီး သေဒဏ်ပေးခံခဲ့ရတာပါ။

မယ်လမင်းဓာတုပစ္စည်းဟာ နို့မှုန့်ထဲမှာ ပရိုတိန်းအသားဓာတ် အများကြီးပါတယ်လို့
ထင်ရစေပါတယ်။

အဓိကနို့မှုန့်ထုတ်ကုမ္ပဏီတခုရဲ့ မန်နေဂျာဟောင်းနဲ့ မယ်လမင်းပါတဲ့နို့မှုန့်ရောင်းတဲ့
သူတွေကို တရားရုံးက တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG