သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမားမိန့်ခွန်း တရုတ် ဆင်ဆာလုပ် ထုတ်လွှင့်


အမေရိကန်သမ္မတအိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲမှာပြောခဲ့တဲ့ မိန့်ခွန်းတစိတ်တပိုင်း
ကို တရုတ်သတင်းမီဒီယာတွေက ဆင်ဆာလုပ်ခဲ့တာ သူတို့မသိလိုက်ပါဘူးလို့ တရုတ်
တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ဒီလိုဆင်ဆာလုပ်တဲ့ထဲမှာ အစိုးရကမပတ်သက်ပါကြောင်းနဲ့ တရုတ်သတင်းမီဒီယာ
တွေဟာ ကိုယ့်ဖာသာ ဆုံးဖြတ်လုပ်ကိုင်နိုင်ပါကြောင်း တရုတ်နိုင်ငံခြားရေးဌာန
ပြောရေးဆိုခွင့်ရှိသူ ဂျန်ယုက ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့
တာပါ။

တရုတ်ဗဟိုရုပ်မြင်သံကြားဌာန (CCTV) ကနေ မစ္စတာအိုဘားမား မိန့်ခွန်းပြောတဲ့
အချိန်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိန့်ခွန်းထဲမှာ ကွန်မြူနစ်ဝါဒ၊
ဖက်ဆစ်ဝါဒဆိုတဲ့ စကားလုံးတွေ ပါလာတဲ့အချိန်မှာ မိန့်ခွန်းထုတ်လွှင့်နေတာကို
ရပ်ပစ်လိုက်ပြီး အသံလွှင့်ခန်းထဲက သတင်းကြေညာသူကို လွှဲပြောင်းပြသခဲ့ပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG