သုံးရလွယ်ကူစေသည့် Link များ

ပါလီမန်ရှိရာ ဘိုင်ဒေါ မြို့ကို ဆိုမာလီသူပုန်တွေ သိမ်း


ဆိုမာလီ ပါလီမန်လွှတ်တော်ရှိရာ ဘိုင်ဒေါမြို့ကို အယ်လ်-ရှာဘတ်ဘ် (Al-Shabab) ဆိုတဲ့ သူပုန်အဖွဲ့က တနင်္လာနေ့မှာ သိမ်းပိုက်လိုက်တယ်၊ ဆိုမာလီအစိုးရကို ကျားကန်ပေးထားတဲ့ အီသီယိုးပီးယားတပ်ဖွဲ့များ ရုပ်သိမ်းသွားပြီး နာရီပိုင်းအတွင်းမှာ အဲဒီလို သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ဖြစ်နေပြီး အသေအပျောက်စာရင်းတော့ မသိရသေးပါဘူး။ အဆောက်အဦးကို သိမ်းပိုက်လိုက်စဉ် လွှတ်တော်ကိုယ်စားလှယ် အများအပြားက အနီးအနားရှိ ဂျီဘိုတီ (Djibouti) မြို့မှာ တနင်္ဂနွေနေ့က စတင်တဲ့ အထူးအစည်းအဝေးပွဲကို သွားတက်နေကြပါတယ်။

သဘောထားပျော့ပြောင်းတဲ့ အစ္စလမ္မစ်ဝါဒီများနဲ့ အစိုးရကြား အောက်တိုဘာလမှာရရှိတဲ့ သဘောတူညီချက်အရ လွှတ်တော်ကိုယ်စားလှယ်ဦးရေကို နှစ်ဆတိုးကာ ၅၅၀ အထိ ထားရှိရေးကို သဘောထားပြင်းထန်တဲ့ အယ်လ်-ရှာဘတ်ဘ်လိုအဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG