သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အချိန်အခါသင့်ပြီ


အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့အကြား တာရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် သင့်တော်တဲ့အချိန်အခါ ရောက်နေပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ဒေသတွင်းက သက်ဆိုင်သူအားလုံး ပါဝင်ဆောင်ရွက်ကြရမယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။

သူတို့အတွက် အကောင်းဆုံးက ဘာဖြစ်မယ်ဆိုတာ နှစ်ဖက်စလုံး ကိုယ်တိုင်ဆုံးဖြတ်ကြရမယ်လို့ ဆော်ဒီအာရေးဗီးယားအခြေစိုက် အယ်လ်-အာရေးဗီးယား ရုပ်မြင်သံကြားဌာနနဲ့ တနင်္လာနေ့နှောင်းပိုင်း တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာအိုဘားမားက ပြောခဲ့တာပါ။ ဒါပေမယ့် လက်ရှိအခြေအနေဟာ သူတို့ပြည်သူလူထုအတွက် ကြွယ်ဝချမ်းသာမှုနဲ့ လုံခြုံမှု မပေးစွမ်းနိုင်ဘူးဆိုတာ အစ္စရေးလ်တွေရော ပါလက်စတိုင်းတွေပါ နားလည်ကြရမယ်လို့ သမ္မတသစ်က ပြောပါတယ်။

အရှေ့အလယ်ပိုင်း ပြဿနာကို ဆီးရီးယား၊ အီရန်၊ လက်ဘနွန်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ အပါအဝင် ဒေသတခုလုံးအနေနဲ့ မကြည့်မြင်ဘဲ စဉ်းစားဖို့ရာ မဖြစ်နိုင်ဘူးလို့ မူဆလင်ကမ္ဘာကို တိုက်ရိုက်ရည်ရွယ်ပြောကြားတဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်ခေါင်းဆောင်က ပြောသွားပါတယ်။ ဒီနိုင်ငံတွေဟာ တခုနဲ့တခု အပြန်အလှန် ယှက်နွယ် ချိတ်ဆက်နေကြတယ်လို့ သူကဆိုပါတယ်။

အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် ဂျော့ချ် မစ်ချဲလ် (George Mitchell) ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းကို ထွက်ခွာသွားပြီး နာရီအတော်အကြာမှာ မစ္စတာအိုဘားမားက အာရေဘစ်ဘာသာ ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း လုပ်ခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG