သုံးရလွယ်ကူစေသည့် Link များ

ဂါဇာရှိ မြေအောက်လိုဏ်ခေါင်းနေရာတွေ အစ္စရေး လေကြောင်းတိုက်ခိုက် 


အစ္စရေးနဲ့ ဟားမတ်စ် လက်နက်ကိုင်တွေကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် အီဂျစ်နယ်စပ် ဂါဇာ ကမ်းမြှောင် ဒေသနားက လက်နက် ခိုးသွင်းသည်တဲ့ မြေအောက် လိုဏ်ခေါင်းတွေကို အစ္စတွေ စစ်လေယာဉ်တွေက ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေး နယ်စပ်နားမှာ အင်္ဂါနေ့က ဟားမတ်စ်တွေ ဗုံးခွဲတိုက်ခိုက်လို့ အစ္စရေး စစ်သား ၁ဦးသေဆုံးခဲ့ရတာကို လက်တုန့် ပြန်တဲ့အနေနဲ့ ဒီနေ့မှာ လိုဏ်ခေါင်းတွေကို တိုက်ခိုက်ရတဲ့အကြောင်း အစ္စရေးက ပြောပါတယ်။ ဒီနေ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းမှာနေတဲ့ ပါလက်စတိုင်းတွေ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဂါဇာစစ်သွေးကြွတွေကလည်း အစ္စရေးနိုင်ငံတောင်ပိုင်းကို ဒီနေ့ပဲ ဒုံးကျည်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူး။

ဇန်န၀ါရီလ ၁၈ရက်နေ့မှာ သပ်သပ်စီ အပစ်အခတ် ရပ်စဲရေး ကြေညာပြီး နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ ဒီတိုက်ခိုက်မှုတွေ အတွက် ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တွေက အစ္စရေးတို့ကို အပြစ်တင်ပါတယ်။ ဖြစ်နေတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ဆိုပြီး အစ္စရေး ကာကွယ်ရေး ၀န်ကြီး အီဟွတ် ဘရက်ဟာ ကြာသာပတေးနေ့မှာ ၀ါရှင်တန် မြို့တော်ကို သွားရောက်ကဖို့ စီစဉ်ထားတာကို ဖြတ်သိမ်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG