သုံးရလွယ်ကူစေသည့် Link များ

စီးပွားကျမှုကြောင့် အမေရိကန် လူလတ်တန်းစား ထိခိုက်မည်


အမေရိကန် စီးပွားရေး ကျဆင်းမှုက အမေရိကန်နိုင်ငံတွင်း လူလတ်တန်းစား မိသားစုများကို ဆက်လက်ပြီးတော့ စီးပွားရေး အကျပ်အတည်းကို ဖြစ်စေတယ်လို့ သမ္မတ ဘားရက် အိုဘားမား က ပြောပါတယ်။

၂၀၀၈ ခုနှစ် နောက်ဆုံး သုံးလပတ်က အမေရိကန် စီးပွားရေး ၈ ပုံ ၃ ပုံ ကျဆင်းကြောင်း အစိုးရ ရဲ့ အစီရင်ခံစာ ထွက်လာပြီးတဲ့နောက် သောကြာနေ့က အိုဘားမား က အဲဒီလို ပြောကြားတာပါ။ အခုချိန်ဟာ စတင်လုပ်ဆောင်ရမယ့် အချိန်ရောက်ပြီမို့ ဒေါ်လာ ဘီလီယံ ၈၀၀ တန်ဘိုး စီးပွားရေး နိုးထမှု အစီအစဉ်ကို အောက်လွှတ်တော် က အတည်ပြုခဲ့သလို အမေရိကန် အထက်လွှတ်တော် အနေနဲ့ ခပ်မြန်မြန် အတည်ပြုပေးပါလို့ သမ္မတ အိုဘားမား က တိုက်တွန်းလိုက်ပါတယ်။

စီးပွားရေး ကျဆင်းမှုဟာ စီးပွားရေးတရပ်လုံးကို ကူးစပ်ပြန့်နှံနေပြီလို့ အိမ်ဖြူတော်ရဲ့ ထိပ်တန်း စီးပွားရေး အကြံပေးပုဂ္ဂိုလ်တဦးကလည်းပဲ သတိပေးပြောကြားပါတယ်။ သောက ရောက်နေကြတဲ့ လူထုက သုံးစွဲ ဖြတ်တောက်လိုက်လို့ စီးပွားရေးလုပ်ငန်းများကလည်း အလုပ်အကိုင်များ လျော့ချပြီး ငွေရင်းနှီးမြှုပ်နှံမှု သိပ်ပြီး မလုပ်ကြတော့လို့ အခုလို ကုန်ထုတ်လုပ်မှု ကျဆင်းရတာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်များက ပြောဆိုကြပါတယ်။ တချိန်တည်းမှာပဲ သမ္မတ အိုဘားမား အစိုးရက ဘဏ္ဍာငွေကြေးစနစ် ပြုပြင်ပြောင်းလဲဖို့နဲ့ ဘဏ်များ တည်ငြိမ်ဖို့ တွန်းအားပေး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG