သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလိဝုဒ် မင်းသမီး အိန်ဂျလီနာ ဂျိုလီ မြန်မာဒုက္ခသည်တွေဆီ ထပ်မံသွားရောက် တွေ့ဆုံ


အမေရိကန်ဟောလီးဝုဒ် နာမည်ကြီးရုပ်ရှင် မင်းသမီး Angelina Jolie ဟာ ကမ္ဘာပေါ်မှာ အလှပဆုံးရုပ်ရှင် မင်းသမီးတွေ စာရင်းမှာ ဝင်သူတဦးဖြစ်ပါတယ်။ ရုပ်ရှင်ပညာ ထူးချွန်လို့ အကယ်ဒမီအပါအဝင် တခြားဆုတွေလည်း ချီးမြှင့်ခြင်းခံရသူ ဖြစ်တဲ့အပြင် ဒုက္ခသည်များအရေးကိုလည်း ကူညီဆောင်ရွက်ပေးနေသူ ဖြစ်တဲ့အတိုင်း သူဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ချစ်ကြည်ရေးသံအမတ်တဦးလဲဖြစ်ပါတယ်။ သူဟာ ကမ္ဘာတဝှမ်းက ဒုက္ခသည်စခန်း တွေကို သွားရောက်ကြည့်ရှုအားပေးခဲ့တာမှာ ကြာသပတေးနေ့ကတော့ ထိုင်း-မြန်မာနယ်စပ်က နန်းဆွယ်ကရင်နီဒုက္ခသည်စခန်းကို သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။ Angelina Jolie ရဲ့ ဒုက္ခသည်များအရေး ဆောင်ရွက်မှုတွေအကြောင်းကို UNHCR ထုတ်ပြန်ချက်အပေါ် အခြေခံပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက စီစဉ်တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG