သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပေါ်သဘောထား အင်ဒိုနီးရှားပြောင်းလဲ


မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးလာကြတယ်လို့ ပြောတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုဖို့ အကျုံးဝင်နိုင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာလူမျိုးတွေအနေနဲ့ သူတို့ဟာ ဒုက္ခသည်တွေ ဖြစ်ပါတယ်လို့ ပြောဆိုလာတယ် ဆိုရင် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ တွေ့ဆုံပေးမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး ဟက်ဆာ
ဝီဒါယုဒ က ပြောဆိုပါတယ်။

မြန်မာနိုင်ငံကနေလာတယ်ဆိုတဲ့ ရိုဟင်ဂျာ ၁၉၈ ယောက်ဟာ ပင်လယ်ထဲမှာ မျောနေပြီးတော့ သူတို့ကို အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းမှာ ငါးဖမ်းသမားတွေက ပြီးခဲ့တဲ့ တနင်္လာနေ့က ကယ်တင်နိုင်လိုက်တာ ဖြစ်ပါတယ်။

သူတို့ကို အရင်ဆုံး ထိုင်းက ဖမ်းမိပြီး ရိုက်စစ်ညှင်းပမ်းနှိပ်စက်ကာ ပင်လယ်ထဲကို စက်မပါဘဲ လှေနဲ့မျောလွှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီ ရိုဟင်ဂျာတွေဟာ စီးပွားရေးဒုက္ခသည်တွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံက အသိအမှတ် ပြုတဲ့အတွက် မြန်မာနိုင်ငံကို ပြန်ပို့ရမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG