သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ပြဿနာ နဲ့ အန်စီဂျီယူဘီ အမြင်


ယနေ့ နိုင်ငံတကာက အထူးစိတ်ဝင်းစားနေတဲ့ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်များ ပြဿနာကို လူမျိုးရေး၊ ဘာသာရေး၊ တိုင်းရင်းသား နိုင်ငံသား ပြဿနာ ဆိုတာထက် လူ့အခွင့်အရေး ရှု့ထောင့်ကကြည့်ပြီး ဖြေရှင်းလုပ်ကိုင်ပေးသင့်တယ်လို့ ပြည်ပရောက် မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီးမှ လှေပေါ်ပြန်တင် ပင်လယ်ထဲ ပြန်မျောလွှတ်ခြင်းခံခဲ့ရတဲ့ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှားရေတပ်၊ အိန္ဒိယရေတပ်တို့က တွေ့ရှိကယ်တင်ခဲ့ပါတယ်။ ဒုက္ခသည်အများအပြား ပင်လယ်ထဲမှာ သေဆုံးခဲ့တယ်လို့ အသက်ရှင်သူများက ပြောဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့ သူတို့ ဒုက္ခသည်များကို အတင်းအဓ္ဓမ ပင်လယ်ထဲကို ပြန်လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး နိုင်ငံအတွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကိုတော့ နေရပ်ရင်းကို ပြန်ပို့မယ်လို့ ပြောဆိုထားပါတယ်။ အင်ဒိုနီရှားနိုင်ငံကလည်း ဒုက္ခသည်များကို သူတို့ဌာနေကို ပြန်ပို့ဖို့ လုပ်ဆောင်နေပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ဒုက္ခသည် ရိုဟင်ဂျာတွေဟာ မြန်မာပြည်မှ တိုင်းရင်းသား အနွယ်အဖွားများမဟုတ်တဲ့အပြင် မြန်မာပြည်မှ ထွက်ခွါသွားသူများအဖြစ် သက်သေအထောက်အထား ပြနိုင်ခြင်း မရှိဘူးလို့ တုန့်ပြန်ပြောဆိုပါတယ်။

လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး ပြည်ပရောက် ညွှန့်ပေါင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဘိုလှတင့် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG