သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယ မြန်မာ နဲ့ ချင်း ဒုက္ခသည်ပြဿနာ


အိန္ဒိယ နဲ့ ဗမာစစ်အစိုးရ ပူးပေါင်းဆောင်ရွက်ပြီး နှစ်ဦးနှစ်ဘက် အကျိုးအမြတ်ရအောင် ကြိုးပမ်းနေတာ ဆယ်နှစ်ကျော်သွားပါပြီ။ ဒီလို အစိုးရအချင်းချင်း ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယအစိုးရ ကြိုးပမ်းလေလေ ချင်းတိုင်းရင်းသားဒုက္ခသည်တွေကို လျစ်လျူရှုလေလေ ဖြစ်နေပုံကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ဇန်နဝါရီလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နယူးဒေလီ-မီဇိုရမ်-မဏိပူ-မလေးရှား နဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ချင်းဒုက္ခသည်တွေကို အကြိမ် (၁၅၀) တွေ့ဆုံမေးမြန်းပြီး ရေးသားထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။

အိန္ဒိယ-ဗမာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယ ဒု-သမ္မတ နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ ကြပ်ပြေးနေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်ရလာတာနဲ့အတူ မြန်မာပြည်မှာ မနေနိုင်တော့လို့ အိန္ဒိယပြည်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယအစိုးရက ဥပက္ခာပြုတာတွေလည်း များလာပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ ချင်းတိုင်းရင်းသားတွေကို အိန္ဒိယအစိုးရ ဆက်ဆံပုံဟာ ဒီမိုကရေစီအစိုးရ နဲ့ မတူပဲ တာဝန်မဲ့ အစိုးရလို ဖြစ်နေပုံကို ဆောင်ပါးရှင် ဦးအောင်ခင် က မညိုညိုလွင် နဲ့အတူ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG