သုံးရလွယ်ကူစေသည့် Link များ

ပြည်ပရောက် မြန်မာအတိုက်အခံတွေ ဘာလဲ၊ ဘယ်လဲ


မကြာသေးခင်ကပဲ အိုင်ယာလန်နိုင်ငံ ဒတ်ဘလင်မြို့မှာ NCGUB အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ကို့ ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု ပြန်လည် ဖွဲ့စည်းပြီးခဲ့တဲ့ အဝေးရောက် အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့နဲ့ နယ်စပ်အခြေစိုက် NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီတို့ကြားမှာ အစိုးရအဖွဲ့ ပြန်လည် ဖွဲ့စည်းတဲ့ကိစ္စအပြင် ကုလသမဂ္ဂမှာ စစ်အစိုးရရဲ့ ကိုယ်စားပြုမှုကို ဖယ်ရှားရေး စတဲ့ အကြောင်းရပ်တွေမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။ တဖက်မှာ စစ်အစိုးရကလည်း ရွေးကောက်ပွဲကျင်းပဖို့ တာဆူနေတယ်ဆိုတော့ ပြည်ပရောက် မြန်မာ အဖွဲ့အစည်းတွေ အနေနဲ့ ဘာတွေ ဆက်လုပ်ကြမှာလဲ၊ ဘယ်လိုလမ်းတွေကို ရွေးမှာလဲ စသဖြင့် စူးစမ်းကြည့်ဖို့ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သောတရှင်တွေကို တွေ့ဆုံပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG