သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်အစိုးရရဲ့ စီးပွားရေးအကူအညီ အရေးပေါ်လိုအပ်


အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဟာ Great
Depression လို့ခေါ်တဲ့ စီးပွားပျက်ကပ် ကျရောက်
ခဲ့ချိန်ကတည်းကဆိုရင် အရေးပေါ်အဖြစ်ဆုံး
အခြေအနေတရပ်နဲ့ ကြုံနေရပြီဖြစ်ပြီး အစိုးရက
ဝင်ပြီး ပိုမလုပ်ဘူးဆိုရင်တော့ တဖြည်းဖြည်း နွံနစ်
သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်
အိုဘားမား (Barack Obama) က ပြောလိုက်ပါ
တယ်။

ဒေါ်လာသန်းပေါင်း ၈၀၀,၀၀၀ တန် စီးပွားရေး
ပြန်ဖွံ့ဖြိုးအောင်လုပ်မယ့် အစီအစဉ်ကို
အမေရိကန်ကွန်ဂရက်စ်က အမြန်ဆုံး အတည်ပြုပေးဖို့ အိမ်ဖြူတော်မှာလုပ်ခဲ့တဲ့
သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာအိုဘားမားက တောင်းဆိုခဲ့ပါတယ်။

လုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် အလုပ်အကိုင်ပေါင်း ၃.၆ သန်း ဆုံးရှုံးမှုနဲ့ တခြား
စီးပွားရေးပြဿနာတွေ ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသားတွေ ပိုပြီးဒုက္ခရောက်
ကြလိမ့်မယ်လို့ သမ္မတက ပြောပါတယ်။ ပုဂ္ဂလိကကဏ္ဍ အားနည်းသွားတဲ့အခါမှာ
စီးပွားရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်တဲ့ အရင်းအမြစ်တွေ ရှိနေတာက အစိုးရပဲ
ကျန်တော့တယ်လို့ သူကပြောပါတယ်။

စီးပွားရေးပြန်ဖွံ့ဖြိုးအောင်လုပ်မယ့် အစီအစဉ်ကို အမေရိကန် အထက်လွှတ်တော်က
ဒီကနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG