သုံးရလွယ်ကူစေသည့် Link များ

စီးပွားပြန်ကောင်းအောင် အင်အားကြီးနိုင်ငံများ ပူးပေါင်းလုပ်ဆောင်မည်


စက်မှုအဖွံ့ဖြိုးဆုံး ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံက ပြည်တွင်းလုပ်ငန်းများကို ပြည်ပမှာ ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးတဲ့ ၀ါဒ ကို ပယ်ချလိုက်ပြီးတော့၊ စီးပွားရေး ပြန်လည်တိုးတက်လာဖို့နဲ့ အလုပ်အကိုင် ပြန်လည်အားကောင်းလာဖို့အတွက် အတူတကွ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

အီတလီနိုင်ငံ ရောမမြို့မှာ ဗြိတိန် ကနေဒါ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန် နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်တဲ့ စက်မှု အင်အားကြီး ၇ နိုင်ငံရဲ့ ညီလာခံ ကျင်းပနေပြီး ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေက ကမ္ဘာ့စီးပွားရေး ဈေးကွက်ပြန်လည် တည်ငြိမ်လာဖို့ ကိစ္စဟာ သူတို့ရဲ့ထိပ်ဆုံးက ဦးစားပေးဆောင်ရွက်မှု ဖြစ်တယ်လို့ ရောမမြို့က ထုတ်ပြန်တဲ့ ကြေညာာချက်မှာ ပြောဆိုလိုက်တာပါ။

ကမ္ဘာ့နိုင်ငံတွေဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ အဆိုးရွားဆုံး စီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတာကြောင့် အခုလိုမျိုး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့နဲ့ ငွေကြေးခိုင်မာမှု ရှိလာစေဖို့အတွက် မူဝါဒချမှတ်ပြီး အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ စက်မှု ထိပ်သီး ၇ နိုင်ငံရဲ့ ဘဏ္ဍာဝန်ကြီးတွေနဲ့ ဗဟိုဘဏ် အကြီးအကဲတွေက ကတိပေးခဲ့ပါတယ်။

လုပ်ငန်းယှဉ်ပြိုင်မှု ကာကွယ်ရေးမူဝါဒဟာ အခုရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာကို ပိုလို့သာ ဆိုးလာစေမှာဖြစ်လို့ ရှောင်ကျဉ်မယ်လို့လည်း အာမခံခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG