သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နဲ့ အမေရိကန် စစ်ရေးမဟာဗျုဟာ ပြည်လည်သုံးသပ်


အမေရိကန် အထူးသံတမန် ရစ်ချက် ဟား ဗရု က တောင်အာရှဒေသ နောက်ဆုံးခရီးအဖြစ် အိန္ဒိယနိုင်ငံကို ရောက်ရှိနေပါတယ်။ နယူးဒေလီမြို့ကို ဟားဗရု က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ရောက်ရှိလာခဲ့တာပါ။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပရနက် ဗူကာကြီးနဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ တိုက်ကင် နာရာ ရနန်းတို့နဲ့ တနင်္လာနေ့မှာ သူတို့ဖို့ အစီအစဉ်ရှိပါတယ်။ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ရတတ်မအေး ဖြစ်နေတာတွေကို အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ်လို့ သူ မျှော်လင့်ရပါတယ်။ မွမ်ဘိုင်း မြို့ တိုက်ခိုက်မှုအတွက် ပါကစ္စတန် စစ်သွေးကြွတွေကို အိန္ဒိယ အပြစ်တင်ထားပါတယ်။ ဟားဗရုဟာ ကဗူးမြို့ကနေ ဒေလီမြို့ကို ရောက်ရှိလာခဲ့တာပါ။ အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဆိုင်းနဲ့ လည်း အဲဒီမှာ တွေ့ခဲ့ပါသေးတယ်။ ဒေသတွင်း အမေရိကန်ရဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ရာမှာ ပါဝင်ဖို့အတွက် အာဖဂန် နိုင်ငံခြားရေး ဝန်ကြီး ရန်ဂျင်းတက်ဖာ စပန်တာကို ဝါရှင်တန်ကို စေလွှတ်မယ်လို့ ဟားဗရုက ဆိုပြီးချိန်မှာ သမ္မတ မစ္စတာ ကာဆိုင်းက ကြေညာခဲ့ပါတယ်။

သမ္မတ အိုဘားမားက အာဖဂန်နစ္စတန် တက်ရောက်ပါဝင်မှာကို ကြိုဆိုကြောင်း၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် အမေရိကန် သံတမန်အသစ် မစ္စတာ ဟားဗရုက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG