သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီ ကလင်တန် အာရှခရီး ဂျပန်ကို ပထမဆုံးဝင်


အာရှခရီးစဉ်ရဲ့ ပထမဆုံးနိုင်ငံအဖြစ် ဂျပန်
နိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန် (Hillary Clinton)
ရောက်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်
တာဝန်ယူပြီး ပထမဆုံး အာရှခရီးစဉ်ကို စတင်
လိုက်တာပါ။ ဒီခရီးစဉ်အတွင်းမှာ ကမ္ဘာ့စီးပွား
ရေး အကျပ်အတည်းနဲ့ အာရှလုံခြုံရေးကိစ္စ
တွေက အဓိကဆွေးနွေးမယ့် အကြောင်းအရာ
တွေ ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန်ဟာ
အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ
တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။
ဗွီအိုအေသတင်းထောက် စတိဗ် ဟားမန်း (Steve Herman) တိုကျိုကနေ သတင်း
ပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဒီရာစုနှစ်သစ်အတွင်း အာရှဒေသက အမေရိကန်ပြည်ထောင်စုအတွက် အရေးပါတယ်
ဆိုတာကို အခု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်က ပြသလိုက်တာ
ပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တော်တော်များများက နိုင်ငံခြားရေးဝန်ကြီး
ဖြစ်လာပြီဆိုရင် ဥရောပနိုင်ငံတွေ ဒါမှမဟုတ် အရှေ့အလယ်ပိုင်း ဒေသတွေကိုပဲ
သွားလေ့ရှိပါတယ်။ အခုတော့ ဟီလာရီ ကလင်တန်က ဒီလိုအစဉ်အလာကို ချိုးဖျက်
လိုက်ပါတယ်။ သူတာဝန်ယူပြီး မကြာခင် အာရှခရီးစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။

ဒီခရီးစဉ်ရဲ့ ပထမဆုံးမှာ ဂျပန်နိုင်ငံကို သွားရောက်တယ်ဆိုတာကလည်း မတော်တဆ
တိုက်ဆိုင်မှုတခုတော့ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းကတော့ ဂျပန်နဲ့
အမေရိကန်ပြည်ထောင်စုဟာ တနိုင်ငံနဲ့တနိုင်ငံ ခါးခါးသီးသီး မုန်းခဲ့ကြတဲ့ ရန်သူတွေ
ပါ။ နောက်ပိုင်း ဆယ်စုနှစ်ချီပြီး နှစ်နိုင်ငံ ကုန်သွယ်ဘက်နိုင်ငံတွေ ဖြစ်လာခဲ့ကြသလို
ဂျပန်ဟာ လုံခြုံရေးအရ အမေရိကန်ပြည်ထောင်စုနဲ့ တပ်ဦးက လက်တွဲဘက်နိုင်ငံ
တခုလည်း ဖြစ်နေပါတယ်။

ကမ္ဘာတဝန်း စီးပွားရေးအကျပ်အတည်းတွေ ကြုံနေရတဲ့အချိန်ဆိုပေမယ့် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်အတွင်းမှာ လုံခြုံရေးဆိုင်ရာကိစ္စတွေက အဓိက
အကြောင်းအရာတွေအဖြစ် ပါဝင်မယ်ဆိုတာကို နှစ်နိုင်ငံစလုံးက အတည်ပြုပြောဆို
ထားပါတယ်။

ဟီလာရီ ကလင်တန်ဟာ ဂျပန်ဝန်ကြီးချုပ် တာရို အာဆို (Taro Aso)၊ နောက်
ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဖြစ်လာနိုင်ချေရှိတဲ့ ဒီမိုကရက်ပါတီခေါင်းဆောင် အီချီယို
အိုဇာဝါ (Ichiro Ozawa) တို့ကို တွေ့ဆုံပါတယ်။

အခု နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အာရှကို သွားနေတဲ့အချိန်ဟာ ဂျပန်နိုင်ငံက
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေ ဖျက်သိမ်းရေး ခြောက်နိုင်ငံ
ဆွေးနွေးပွဲတွေ ပြန်စပြီး မြောက်ကိုရီးယား အစည်းအဝေးတွေမှာ ပြန်ပါဝင်လာတာကို
အသည်းအသန် တွေ့မြင်ချင်နေတဲ့ကာလ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့
ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ဘူးတဲ့ လက်ရှိအကြံပေးအရာရှိ တီမိုဟီကို
တန်နီဂုချီ (Timohiko Taniguchi) က ဂျပန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စေ့စပ်
ဆွေးနွေးပွဲတွေ ပြန်ပြီးစချင်တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဘက်က ဂျပန်
နိုင်ငံအပေါ် စစ်ရေးအရ ခြိမ်းခြောက်နေတာတွေကို ရပ်ဆိုင်းစေချင်တဲ့အကြောင်း
ပြောပါတယ်။

“ဒီဆွေးနွေးပွဲတွေကို ပြန်ပြီး အသက်ဝင်လာအောင်၊ ပြန်စနိုင်အောင် လုပ်ရပါလိမ့်မယ်။
မစ္စကလင်တန်အနေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်အစိုးရတွေနဲ့ ဆွေးနွေးပါလိမ့်
မယ်။ သူ့ရပ်တည်ချက်ကို ပိုပြီးခိုင်မာအောင်၊ လက်ခံလာအောင် ကြိုးစားပါလိမ့်မယ်။”

အခုလို ဆွေးနွေးပွဲ ရပ်တန့်နေတဲ့ ကာလမှာလည်း မြောက်ကိုရီးယားဘက်က အကူ
အညီတွေပေးရင် နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းမယ်လို့ ပြောနေပါတယ်။
စီးပွားရေးအကျပ်အတည်းတွေ ကြုံနေရတဲ့ကာလမှာ မြောက်ကိုရီးယားဘက်က အခုလို
သူ့ကို အကူအညီတွေပေးဖို့ ကမ်းလှမ်းထားတာပါ။

သမ္မတကတော်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် မတိုင်ခင်
လေးမှာပဲ မြောက်ကိုရီးယားဘက်က ခေါင်းဆောင် ကင်ဂျုံအီးရဲ့ ၆၇ နှစ်မြောက်မွေးနေ့
ကို အကြီးအကျယ် ကျင်းပနေပါတယ်။ အငြင်းပွားနေတဲ့ တာဝေးပစ် ပဲ့ထိန်းသုံး
ဒုံးကျည်တွေကို နောက်တကြိမ် စမ်းသပ်ပစ်ခတ်ဦးမယ်ဆိုပြီး ခြိမ်းခြောက်နေပါတယ်။

ဂျပန်နိုင်ငံအရေးအပြင် အခု နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ခရီးစဉ်အတွင်းမှာ
တရုတ်နဲ့ အမေရိကန်ပြည်ထောင်စု အကြားလည်း ဆက်ဆံရေး ပိုပြီးနီးစပ်လာအောင်
ကြိုးစားနိုင်မယ်လို့ ဂျပန်အရာရှိတွေက သုံးသပ်ကြပါတယ်။

အာရှခရီးစဉ်နဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ဟီလာရီ ကလင်တန်က တရုတ်
နိုင်ငံနဲ့ဆွေးနွေးမယ့် အကြောင်းအရာတွေက တော်တော်လေး ကျယ်ပြန့်တယ်လို့
ပြောဆိုပါတယ်။ စီးပွားရေးဆိုင်ရာ မူဝါဒတွေ နှစ်နိုင်ငံ ဘယ်လိုအကောင်အထည်
ဖော်မယ်၊ ရာသီဥတု ပြောင်းလဲလာတဲ့ ကိစ္စတွေနဲ့ နျူကလီးယား အစီအစဉ် ဖျက်သိမ်း
ရေး ကိစ္စတွေလည်း ပါဝင်ပါတယ်။ တရုတ်နဲ့ အမေရိကန်အကြားမှာ အမြဲတမ်း ငြင်းခုံ
ရလေ့ရှိတဲ့ လူ့အခွင့်အရေးကိစ္စကိုလည်း ချန်ထားမှာတော့ မဟုတ်ဘူးဆိုပြီး ဟီလာရီ
ကလင်တန်က ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG