သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီ ခေါင်းဆောင်ဟောင်းကို ခုံရုံးတင်တော့မည်


ကမ္ဘာဒီးယား စစ်ရာဇဝတ်ခုံရုံးက ကမ္ဘောဒီးယားနိုင်ငံကို ၆ လ အကြမ်းဖက် အုပ်စိုး
သွားသူ၊ လူ ၁,၇၀၀,၀၀၀ သေဆုံးမှုနဲ့ ဆက်စပ်ပြီး ခမာနီခေါင်းဆောင်ဟောင်း
တယောက်ကို ပထမဆုံး ရုံးတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။

လူမဆန် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်တဲ့
ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူ ကိတ်ဂွပ်အေ့ဗ်
(Kaing Guek Eav) ခေါ် ဒပ် (Duch) ကို ဒီနေ့
ခုံရုံးတင်စစ်ဆေးပါမယ်။

ခမာနီအုပ်စိုးမှုအပေါ် သစ္စာမဲ့ကြတယ်ဆိုပြီး
လူ ၁၂,၀၀၀ ကို ကွပ်မျက်သတ်ဖြတ်ခဲ့တဲ့
S 21 ခေါ် အကျဉ်းစခန်းကို ဒပ်က ဦးဆောင်
ကွပ်ကဲခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ လူမျိုးတုံးအောင် သတ်ဖြတ်ခဲ့မိပါ
တယ်၊ ခွင့်လွှတ်ပါလို့ သူက ရုံးတော်ကို
ဖြောင့်ချက်ပေး အသနားခံထားပါတယ်။
ကမ္ဘောဒီးယားအစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးတွဲလုပ်ဆောင်တဲ့ အဲဒီရာဇဝတ်ခုံရုံးမှာ
ခမာနီခေါင်းဆောင်ဟောင်း အနည်းဆုံး ၅ ယောက်ကို ကုလသမဂ္ဂက ရုံးတင်စေချင်
ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများက ဒီ့ထက်မက ရုံးတင်စေချင်တယ်လို့ တောင်းဆို
ကြပြီး ကမ္ဘောဒီးယားအစိုးရကတော့ တိုးဖို့ ဝန်လေးနေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG